ကဘူးလ် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)
(English Version) tizuiyang Defination : scapegoat Example : The recent tizuiyang of America’s failure is Afghan soliders, who were described as “not willing to fight”
ဝါရှင်တန် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) ဩဂုတ် ၂၆ ရက် အစောပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ကဘူးလ်လေဆိပ်တိုက်ခိုက်ခံရမှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အမေရိကန်ဗဟိုစစ်ဌာချုပ်အကြီးအကဲ က အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က အာဖဂန်မှထွက်ခွာရေး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဩဂုတ် ၃၁ ရက် နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ကယ်ဆယ်ရေးအစီအစဉ်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ချထားရေးနှင့်ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိအာဖဂန်တွင် ဆောင်ရွက်နေသော ကယ်ဆယ်ရေး အစီအစဉ်နှင့်ပတ်သက်၍...
ဝါရှင်တန်၊ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က အာဖဂန်နစ္စတန်နိုင်ငံတွင် ဆိုးရွားလာသောအခြေအနေသည် အမေရိကန်က ကြိုတင်မှန်းဆထားသည်ထက် “ပိုမိုလျင်မြန်စွာဖြစ်ပျက်ခဲ့ကြောင်း” ၊ သို့သော်လည်း ကာလရှည်ကြာစွာစစ်မက်ဖြစ်ပွားနေသည့် နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်အပေါ် ၎င်းရပ်တည်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ကမ့်ဒေးဗစ်မှ အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိပြီးနောက် ပြုလုပ်သည့် အာဖဂန်ဆိုင်ရာ တီဗီရုပ်သံမိန့်ခွန်းတွင် သမ္မတဘိုင်ဒန်က အာဖဂန်မှ အမေရိကန်တပ်ဖွဲ့ဝင်များ...
ကဘူးလ်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အာဖဂန် နစ္စတန်နိုင်ငံသမ္မတ Mohammad Ashraf Ghani သည် နိုင်ငံအတွင်းမှ ထွက်ခွါသွားပြီဖြစ်ကြောင်း အာဖဂန်အမျိုးသားပြန်လည်သင့်မြတ်ရေးကောင်စီအကြီးအကဲ Abdullah Abdullah က ၎င်း၏ facebook စာမျက်နှာတွင် ရုပ်သံဖိုင်တစ်ခုဖြင့် အတည်ပြုပြောကြားခဲ့သည်။ အာဖဂန် ပြည်တွင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် Tolo News...
ကဘူးလ် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ သမ္မတနန်းတော်တို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တာလီဘန်တို့က တနင်္ဂနွေနေ့ ညပိုင်းတွင်ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် မကြာမီအချိန်အတွင်း အာဖဂန်နစ္စတန်အစ္စလာမ်မစ်စော်ဘွားနိုင်ငံ(Islamic Emirate of Afghanistan) အဖြစ်ထူထောင်ရန် ကြေညာသွားမည်ဖြစ်ကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ အာဖဂန်သမ္မတ Mohammad Ashraf Ghani...
ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ၊ လူသားချင်းစာနာမှုညှိနှိုင်းကွပ်ကဲရေးရုံး(OCHA) က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မြို့ရွာပေါင်းများစွာကို တာလီဘန်စစ်သွေးကြွများက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် အာဖဂန်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ကူညီရန် အမေရိကန်စစ်တပ်က ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေသည်“ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိမနေဘူးဆိုတာ သိပ်ကိုရှင်းပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ် သတင်းပြန်ကြားရေးမှူး John...
ကဘူးလ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) မြို့ရွာအများအပြားတွင် လမ်းပေါ်တိုက်ပွဲများ နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ် နှစ်ခုတွင် ပြီးခဲ့သော စနေနေ့က တစ်ရက်တည်း အနည်းဆုံး သေဆုံးသူ ၁၁ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၆၄ ဦး ထိ...