Connect with us

Africa & Middle East

ရာဖာ၌ အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံး

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း Bureij ဒုက္ခသည်စခန်းရှိ ပျက်စီးနေသည့် အဆောက်အဦများတွင် ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာ၌ ဧပြီ ၂၈ ရက်က လူနေအဆောက်အအုံ သုံးလုံးအပေါ် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သဖြင့် ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံးကြောင်း ပါလက်စတိုင်းတရားဝင် သတင်းအေဂျင်စီဖြစ်သည့် ဝါဖာက ဧပြီ ၂၉ ရက်တွင်ပြောကြားသည်။ သေဆုံးသူများထဲတွင် ကလေးများနှင့် အမျိုးသမီးများပါဝင်ကြောင်း ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောကြားသည်။
အခြား လူအများအပြားမှာ အပျက်အစီးများအောက်တွင် ပိတ်မိတ်နေဆဲဖြစ်ပြီး ၎င်းတို့အား ကယ်ဆယ်ရန် အရပ်ဘက်ကာကွယ်ရေး အမှုထမ်းများက လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကပြောကြားသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ကိုင်ရို၌ ဟားမက်စ်ခေါင်းဆောင်များနှင့် အီဂျစ်ဖျန်ဖြေရေးအဖွဲ့များအကြား ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ်များ မတိုင်မီဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၉ ရက်တွင် ကိုင်ရိုသို့သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

လွန်ခဲ့သည် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၆ ဦး သေဆုံးပြီး အခြား ၁၃၈ ဦး ဒဏ်ရာရရှိကြောင်း၊ ထိုပြင် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခစတင် ဖြစ်ပွားသည့် အချိန်မှစကာ ပါလက်စတိုင်း သေဆုံးသူပေါင်း ၃၄,၄၅၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၇,၅၇၅ ဦး ရှိလာပြီဖြစ်ကြောင်း ဟားမက်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ (Xinhua)
…………………………….
(English Version)
At least 20 killed in Israeli airstrikes on Rafah
GAZA, April 29 (Xinhua) — At least 20 Palestinians were killed Sunday night in Israeli airstrikes on three residential buildings in the southern Gaza Strip city of Rafah, Palestinian official news agency Wafa reported on Monday.
The victims include children and women, Palestinian medical sources told Xinhua.
Many others were still trapped under the rubble, local sources told Xinhua, adding that civil defense crews were working to rescue them.
The strikes took place just ahead of the new round of truce talks between Hamas leaders and Egyptian mediators in Cairo.
A Hamas delegation is scheduled to visit Cairo on Monda.
The Israeli army killed 66 Palestinians and wounded 138 others during the past 24 hours, bringing the total death toll to 34,454 and injuries to 77,575 since the Israeli-Palestinian conflict broke out on Oct. 7, 2023, the Hamas-run Health Ministry said in a statement on Sunday. ■

People walk past destroyed buildings at Bureij refugee camp in the central Gaza Strip, on April 23, 2024. (Xinhua)