Connect with us

Africa & Middle East

ကင်ညာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း ၉၀ ထက်မနည်းသေဆုံး

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီ၏ အရှေ့ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာရှိ Garissa မြို့ခံများက ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်တွင် မော်တော်ဘုတ်ဖြင့် ရေကြီးနေသည့်လမ်းအား ဖြတ်သန်း၍ နိုင်ရိုဘီမြို့သို့ သွားရောက်စဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အရှေ့အာဖရိနိုင်ငံ တစ်နိုင်ငံဖြစ်သော ကင်ညာ၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် လူပေါင်း ၉၀ ထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးမှုများလည်း ရှိနေသောကြောင့် သေဆုံးသူအရေအတွက် ယခုထက် ပိုမိုများလာနိုင်ကြောင်း ကင်ညာအာဏာပိုင်များက ပြောကြားလိုက်သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ပြောစကားများအရ လျှပ်စီးလက်ပြီး မိုးကြိုးပစ်ခြင်းကို ရှောင်ရှားလိုသည့်အနေဖြင့် လူများသစ်ပင်နောက်တွင် ပုန်းအောင်းနေရာမှတစ်ဆင့် လျှပ်တစ်ပြတ် ရေကြီးမှုများကြောင့် ရေစီးနှင့် မျောပါသွားကြပြီး သေဆုံးသူများရှိသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးရေကြီးမှုများကြောင့် နိုင်ငံတစ်ဝန်း ဒေသ တော်တော်များများတွင် လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့သည်။
ကင်ညာအာဏာပိုင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များက ပြည်သူများကို ရေလွှမ်းမိုးသည့် ဒေသများကိုရှောင်ကြဉ်ရန်နှင့် အမြင့်ပိုင်းဒေသများသို့ ပြောင်းရွှေ့ရန်၊ မိုးသည်းထန်စွာရွာသွန်းနေချိန် ယာဉ်မောင်းခြင်းများကိုလည်း မပြုလုပ်ကြရန်တိုက်တွန်းထားသည်။

ဆက်လက်ရေကြီးနစ်မြုပ်မှုများနှင့် မိုးရွာသွန်းခြင်းများကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးဒုက္ခများကို သက်သာစေရန် လိုအပ်သော ဆောင်ရွက်ချက်များကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ပြောကြားလိုက်သည်။
မိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။

နိုင်ငံအနှံ့အပြားတွင်မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်းနှင့်လာမည့်ရက်များအတွင်း စီရင်စု ၄၀ ကျော်၌ မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များ ခန့်မှန်းထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ထောင်စုပေါင်း ၂၄,၁၉၆ စု ရွှေ့ပြောင်းနေထိုင်ကြရသည်။ (Xinhua)

————————
(English Version)
Kenya faces widespread devastation as floods claim over 90 lives, displace thousands
NAIROBI, April 29 (Xinhua) — Kenyan authorities on Sunday warned of more deaths and property destruction after heavy rains and devastating floods swept across the East African nation.
According to the police, more than 90 people have lost their lives, with fears the number could be higher as many bodies are missing after being swept away by the raging waters.
According to humanitarian organizations, people who were hiding under trees when lightning struck and carried away by flash floods also died and sustained injuries.
Property, including homes, schools, and businesses, was destroyed in several counties in areas that received above-average rainfall.
Kenyan officials and humanitarian organizations have urged people to avoid flooded areas, move to higher ground, and avoid driving during heavy rains.
The government said it has scaled up measures to mitigate disasters caused by the ongoing enhanced rains and floods, even as the meteorological department warned that heavy rainfall will continue.

The weatherman has predicted that rainfall is expected to continue over several parts of the country, with more than 40 counties expected to receive heavy rainfall in the coming days.
Mwaura said the floods have displaced 24,196 household. ■
Residents of Garissa, about 500 kilometers east of Kenya’s capital Nairobi, cross a flooded road on their way to Nairobi on a speedboat on April 28, 2024. (Photo by Stephen Ingati/Xinhua)