အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) လက်ရှိ အာဖရိက-တရုတ်ဆက်ဆံရေးသည် ယခင်ကမရှိခဲ့ဖူးသည့် မြင့်မားသော အဆင့်သို့ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ဂျီးရီးယား၊ အာဖရိကတိုက်နှင့် ကမ္ဘာကြီး၏ အခွင့်အလမ်းဖြစ်ကြောင်း...
ဂျေရုဆလမ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် ဇန်နဝါရီ ၃ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့ နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကိုင်ရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်းကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း...
ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဆီးရီးယား အာဆတ်အစိုးရ ဖြုတ်ချခံရခြင်း၊ အသွင်ကူးပြောင်းရေးအစိုးရ တရားဝင် အာဏာလွှဲပြောင်းရယူခြင်းသည် ရက်သတ္တပတ် သုံးပတ်ကြာ ရှိပြီဖြစ်သည်။ ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရအနေဖြင့် အခြေအနေတည်ငြိမ်ရေးအတွက် မည်သည့် အစီအမံများ ဆောင်ရွက်ထားသနည်း။ မည်သည့် နိုင်ငံများ၏ကိုယ်စားလှယ်အဖွဲ့များကို အကြိမ်ကြိမ်တွေ့ဆုံခဲ့သနည်း။ ပိတ်ဆို့ဒဏ်ခတ်မှုဒဏ်နှင့် ပဋိပက္ခဒဏ်များ အလူးအလိမ့်ခံနေရသော...
ယီမင်နိုင်ငံ အလယ်ပိုင်း၊ အယ်လ်-ဘေဒါပြည်နယ်၌ ရန်ပြုသော မစ်ရှင်များ လုပ်ဆောင်နေသည့် အမေရိကန်၏ MQ-9 ဒရုန်းတစ်စင်းကို မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များက အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ယီမင်ရှိ ဟူသီအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်၌ ကြေညာခဲ့သည်။ ထိုကဲ့သို့ ပစ်ချလိုက်သည့် ဒရုန်းမှာ ယီမင်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့်...
စူးအက်တူးမြောင်း၏ အလျား ၁၀ ကီလိုမီတာရှိသော တောင်ဘက်လမ်းပိုင်းတစ်လျှောက်တွင် သင်္ဘောများ အသွားအပြန် ခုတ်မောင်းသွားလာနိုင်သည့် လမ်းကြောင်းသစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း စူးအက်တူးမြောင်း အာဏာပိုင်အဖွဲ့ (SCA) က ဒီဇင်ဘာ ၂၈ ရက်၌ ကြေညာခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z2b ………………….. (English...
ဇမ်ဘီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံကြား Zambezi မြစ်ဝှမ်းဒေသ၌ တည်ရှိသော ကာရီဘာဆည်အနီးဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ဆည်မှာ အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်လျက်ရှိကြောင်း Zambezi အာဏာပိုင်အဖွဲ့ (ZRA) က ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZZK ………………………. (English Version) Kariba Dam...
ကိုင်ရို၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဝေလငါးလျှိုမြောင် “Wadi al Hitan” သည် အီဂျစ်နိုင်ငံ ဖိုင်ယွန်ပြည်နယ်၏ သဲကန္တာရအတွင်းပိုင်းတွင် တည်ရှိပြီး ရှေးဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းများ အဓိက တွေ့ရှိသည့်နေရာနှင့် ပြသထားသည့် နေရာ ဖြစ်သည်။ ယင်းနေရာသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀ က ပင်လယ်ရေပြင်ဖြစ်ပြီး...
ကိုင်ရို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့သည် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသသို့ အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်း အသုတ်နှစ်သုတ် လွှဲပြောင်းပေးအပ်ခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ သတင်းများအရ...
အစ္စရေးအနေဖြင့် ဟားမက်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို တီဟီရန်၌ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဒီဇင်ဘာ ၂၃ ရက်၌ ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံခဲ့သည်။ ဟာနီယာသည် အီရန် သမ္မတဟောင်း အီဘရာဟင် ရာအီစီ၏ ဈာပနအခမ်းအနား တက်ရောက်ရန် တီဟီရန်သို့ သွားရောက်စဥ်အတွင်း ဇူလိုင် ၃၁ ရက်၌...