မက်ဒရစ်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး နိုင်ငံတကာခရီးသည်လာရောက်မှုကို ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့စေခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်သော ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ (UNWTO) ၏ နှစ်စဉ်သတင်းထုတ်ပြန်ချက်အရ...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့သဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်လက်မဲ့ဦးရေ ၅၆၀,၀၀၀ ဝန်းကျင်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။
ဆန်ဒီယာဂို ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးတရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၂ သန်းခန့် က ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းအချိန်တွင် ချီလီနိုင်ငံမြို့တော် ဆန်ဒီယာဂို သို့ရောက်ရှိခဲ့ပြီး ချီလီနိုင်ငံ...
ဘရာဇီးလီယာ ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သော COVID-19 ကပ်ရောဂါ ဆိုင်ရာစာရင်းပြုစုချက်အရ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး COVID-19 ထပ်မံကူးစက်ခံရသူ...
ရာဘတ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI သည် ဇန်နဝါရီ ၂၈ ရက်တွင် ပထမဆုံး ကာကွယ်ဆေးထိုးနှံခြင်း ခံယူခဲ့ပြီး နိုင်ငံတစ်ဝန်း နေရာပေါင်း ၃,၀၀၀ ၌ ကာကွယ်ဆေးထိုးနှံခြင်းလှုံ့ဆော်မှုကို စတင်ခဲ့ကြောင်း MAP...
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)ရေးသားသူ/အိမွန်ကျော် COVID-19 ကာကွယ်ဆေးအား ပြည်သူများအားလုံးကို တစ်လပြီးတစ်လ ဆက်ပြီး ထိုးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြောကြားသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၁၃၉,၁၅၂ ဦးတွင် သေဆုံးသူ ၃၁၀၃ ဦးရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ယနေ့ (ဇန်နဝါရီ ၂၈ ရက်)တွင် အလှူငွေ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၈ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အနေဖြင့် ခရီးသွားကဏ္ဍ စနစ်တကျပြန်လည်ဦးမော့ရန်ဖော်ဆောင်သည့် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ရှိ ကမ်းခြေများသို့ ယာဉ်တန်းဖြင့် သွားရောက်မည့်ခရီးစဉ်တစ်ခု ဖော်ဆောင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆင်ဟွာသို့...