Connect with us

WORLD

မော်ရိုကိုနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လှုံ့ဆော်မှုစတင်

မော်ရိုကိုနိုင်ငံ Casablanca မြို့တွင် ဖြန့်ဖြူးရန် တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး သေတ္တာအား သယ်ဆောင်နေစဉ် (ဆင်ဟွာ)

ရာဘတ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI သည် ဇန်နဝါရီ ၂၈ ရက်တွင် ပထမဆုံး ကာကွယ်ဆေးထိုးနှံခြင်း ခံယူခဲ့ပြီး နိုင်ငံတစ်ဝန်း နေရာပေါင်း ၃,၀၀၀ ၌ ကာကွယ်ဆေးထိုးနှံခြင်းလှုံ့ဆော်မှုကို စတင်ခဲ့ကြောင်း MAP တရားဝင်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် နိုင်ငံသားများနှင့် အသက် ၁၇ နှစ်နှင့်အထက် နေထိုင်သူများအားလုံးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

 မော်ရိုကိုနိုင်ငံ Casablanca မြို့တွင် ဖြန့်ဖြူးရန် တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးများကို ထုပ်ပိုးနေစဉ် (ဆင်ဟွာ) 

မော်ရိုကိုနိုင်ငံက တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီနှင့် ဗြိတိန်နိုင်ငံ Oxford University/AstraZeneca မှ COVID-19 ကာကွယ်ဆေး အလုံးရေ ၆၆ သန်း ရရှိထားကြောင်း ကျန်းမာရေးတာဝန်ရှိများက ပြောကြားခဲ့သည်။

လူထုကာကွယ်ဆေးထိုးနှံခြင်းလှုံ့ဆော်မှုသည် အသက် ၄၀ နှစ်အထက် ကျန်းမာရေးပညာရှင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် အသက် ၇၅ နှစ်အထက် ပြည်သူများကို ဖြည်းဖြည်းချင်း လွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး ကျန်ရှိသော ပြည်သူများကို တိုးချဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း မော်ရိုကိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သိရသည်။

အဆိုပါ လှုံ့ဆော်မှုကို COVID-19 ရောဂါကူးစက်မှု မြင့်မားသော ဒေသများတွင် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

——————————-
(English Version)
Morocco launches mass COVID-19 vaccination campaign
Source: Xinhua| 2021-01-29 02:41:22|Editor: huaxia
RABAT, Jan. 28 (Xinhua) — Moroccan King Mohammed VI received the first shot of COVID-19 vaccine on Thursday as a nationwide vaccination campaign was launched across 3,000 locations across the North African country, official news agency MAP reported.
The vaccination will be free for all citizens and residents aged 17 and over, the report said.
Morocco has secured acquisition of 66 million doses of COVID-19 vaccines from China’s Sinopharm and Britain’s Oxford University/AstraZeneca, health officials said.
According to the Moroccan Health Ministry, the mass vaccination campaign will gradually cover health professionals over the age of 40, school teachers, members of public authorities, troops, and people over the age of 75, before extending to the rest of the population.
The campaign will also focus on areas with high rates of COVID-19 infection. ■
1- A Moroccan worker carries a box of Chinese Sinopharm COVID-19 vaccines for distribution in Casablanca, Morocco, on Jan. 27, 2021, as Morocco receives its first shipment of Chinese vaccines. (Xinhua/Chadi)
2-Moroccan workers pack Chinese Sinopharm COVID-19 vaccines for distribution in Casablanca, Morocco, on Jan. 27, 2021. (Xinhua/Chadi)