ဖန်ကျင်၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၊ ဖန်ကျင်မြို့၊ အဲ့ကျဲကိုးမြို့နယ်၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးတာဝါ၌ ၂၀၁၉ ခုနှစ် မတ်လကတည်းကနေထိုင်လာသော အရှေ့တိုင်းငှက်ကျားဖြူငှက် ၂ကောင်သည် ယခုနှစ်တွင် ထပ်မံပေါက်ဖွားလာသော ငှက်ကလေး ၂ ကောင်နှင့် အတူအသိုက်လုပ်၍ နေထိုင်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်-ရုရှား နှစ်နိုင်ငံ လေတပ်များသည် ဂျပန်ပင်လယ်နှင့်အရှေ့တရုတ်ပင်လယ်တွင် ဇွန် ၆ ရက်က ပူးတွဲကင်းလှည့်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိဿပြည်နယ် Balasore ခရိုင်၌ ဇွန် ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ရထားလမ်းချော်၍ ရထားချင်းတိုက်မိမှုအား စုံစမ်း စစ်ဆေးခြင်းများကို ဇွန် ၅ ရက်တွင် တရားဝင် စတင်ခဲ့သည်။
လာဟိုး၊ ပါကစ္စတန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ပလတ်စတစ် ထုတ်ကုန်များသည် လူတို့၏ နေ့စဉ်ဘဝများကို လွှမ်းမိုးနေသော်လည်း ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် ပလတ်စတစ်အမှိုက်နှင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပြည်သူများ ကြိုးပမ်းအားထုတ်လျက်ရှိသည်။
ရှမန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
မော်စကို ၊ ဇွန် ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အသင့်အနေအထားတိုက်ခိုက်မှု တိုးတက်ကောင်းမွန်စေရေးအတွက် ဇွန် ၅ ရက်တွင် ဘောလ်တစ်ပင်လယ်ပြင်၌ အကြီးစား ရေတပ်လေ့ကျင့်မှုအား စတင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၅ သည် ၃၃ ရက်ကြာ သီးခြားပျံသန်းပြီးနောက် ဇွန် ၆ ရက်၌ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော အာကာသစခန်းပေါင်းစပ်ယာဉ်နှင့် ပြန်လည်ချိတ်ဆက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odhisa ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် ရထားမတော်တဆမှုကြောင့် ဒေသခံပြည်သူများ ထိတ်လန့်တုန်လှုပ်ခဲ့သည်။ ရထားတိုက်မိမှုကြောင့် ဇွန် ၄ ရက်အထိ သေဆုံးသူ ၂၇၅ ဦး နှင့် ဒဏ်ရာရရှိသူ ၁,၀၀၀ ကျော် ရှိကြောင်း...
ဘင်္ဂလားဒေ့ရှ်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အရည်ရွှမ်းသည့် လိုင်ချီးသီး ထွက်ရှိမှုကြောင့် နာမည်ကျော်ကြားသောDinajpur ခရိုင်အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း၌ ချိုမြိန်သော လိုင်ချီးသီးရာသီ ရောက်ရှိလာပြီဖြစ်သည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများအပါအဝင် ဒေသတွင်း နိုင်ငံများနှင့်အတူ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု၊ ဘုံအကျိုးဖြစ်ထွန်းစေမှုကို လက်ကိုင်ထား၍ အာရှတွင် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်စေမည့် လှုံ့ဆော်မှုများကို ဆန့်ကျင်သွားမည် ဖြစ်ပြီး အာရှဒေသကို ငြိမ်းချမ်းရေး၏ထောက်တိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၏ နေရာကောင်း အဖြစ် အတူ လက်တွဲ...