Connect with us

မြန်မာ-中文

တရုတ်-အမေရိကန် ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းက တာဝန်ဖြစ်သလို မုချမသွေဆောင်ရွက်ရမည့်အရာလည်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် တရုတ်နိုင်ငံအလံနှင့် အမေရိကန်နိုင်ငံအလံ အား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် ဤကမ္ဘာဂြိုဟ်ပေါ်တွင် ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းက တာဝန်ဖြစ်သလို မုချမသွေ ဆောင်ရွက်ရမည့် အရာလည်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်းက Duke-UNC China Leadership Summit (CLS) ၌ ဗီဒီယို အမှာစကားပြောကြားစဉ် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်က သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး အရေးကြီးသဘောတူညီမှု များစွာ ရရှိခဲ့ရာ တရုတ်-အမေရိကန် ဆက်ဆံရေး ဦးတည်ရာကို လမ်းညွှန်ခဲ့သလို အခြေခံကို အတည်ပြုသတ်မှတ်နိုင်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ ဆောင်ရွက်ကာ နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဆက်သွယ်မှု၌ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်မည်ဟု မျှော်လင့်ကြောင်း၊ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေး အခြေခံမူဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ထိန်းသိမ်းခြင်း၊ ကွဲလွဲမှုများကို ထိန်းချုပ်စီမံခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ ကောင်းမွန်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ တစ်ဖက်သားအား ပြိုင်ဘက်အဖြစ် သဘောထားပြီး မကောင်းမှုဖြင့် ယှဉ်ပြိုင်ကြမည်ဆိုလျှင် တရုတ်-အမေရိကန် နှစ်ဖက်လုံး ကျရှုံးမည် ဖြစ်သလို ကမ္ဘာကြီး ဒုက္ခရောက်မည် ဖြစ်ကြောင်း၊ အကယ်၍ နှစ်နိုင်ငံအနေဖြင့် မိတ်ဖက်လုပ်၍ အပြန်အလှန် အောင်မြင်အောင် ဆောင်ရွက်မည် ဆိုလျှင် အတူတကွ စည်ပင်သာယာဝပြောနိုင်သလို ကမ္ဘာအတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း ရှဲ့ဖုန်းက အလေးထားပြောကြားခဲ့သည်။
လက်ရှိအရေးကြီးသည်မှာ အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်တွေ့ကျကျ တင်းကျပ်စွာ လိုက်နာခြင်း ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်အရ ထိုင်ဝမ်အရေးကို သင့်လျော်ကောင်းမွန်စွာ စီမံပြီး “ထိုင်ဝမ်သီးခြားရပ်တည်ရေး” ကို အခိုင်အမာ ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ အမေရိကန်-ထိုင်ဝမ် လက်တွေ့ဆက်ဆံရေး မြှင့်တင်ခြင်းကို ရပ်တန့်ရမည် ဖြစ်သလို ထိုင်ဝမ်က နိုင်ငံတကာ၌ရပ်တည်မှုအား ချဲ့ထွင်ရန် အမေရိကန်က ကူညီပေးခြင်းကို ရပ်တန့်ရမည် ဖြစ်ကြောင်း၊ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ခြင်း” သည် နောက်ဆုံးတွင် မိမိကိုယ်ကိုသာ ဒုက္ခရောက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ်က တရုတ်-အမေရိကန် ကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၆၈၀ ဘီလီယံကျော်ရှိကြောင်း ရှဲ့ဖုန်းက ထောက်ပြ ပြောကြားခဲ့သည်။ တရုတ်-အမေရိကန်ကြားတွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသော ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိသည်မှာ ရှင်းလင်းကြောင်း၊ “ချိတ်ဖြုတ်၊ ကွင်းဆက်ဖြတ်တောက်ခြင်း” သည် အထိနာစေပြီး ကုန်သွယ်ရေးစစ်ပွဲ၊ စည်းကြပ်ခွန်စစ်ပွဲသည် တစ်ဖက်လူကို ထိခိုက်စေပြီး မိမိကိုယ်ကို ပို၍ အထိနာစေကြောင်း၊ တရုတ်နိုင်ငံသည် အစောပိုင်း ၂၀၁၉ ခုနှစ်ကပင် တစ်ကမ္ဘာလုံးတွင် ဖန်တားနိုင်လ် ဒြပ်ပစ္စည်းအမျိုးအစားတစ်ခုလုံးကို ထိန်းချုပ်ပစ္စည်းစာရင်းတွင် ဦးစွာ တရားဝင် ထည့်သွင်းခဲ့ကြောင်း၊ ယခုနှစ်များတွင် တရုတ်-အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်ခြင်းက အများမျက်မြင်ကိုယ်တွေ့ ဖြစ်ကြောင်း၊ ဖန်တာနိုင်းလ်ကို အကြောင်းပြ၍ “စည်းကြပ်ခွန် တုတ်” ရမ်းကားခြင်းသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မည်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပွားနေမှု၊ အများဂရုပြုကြသော အရေးကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေမှုများကို ရင်ဆိုင်ရာတွင် တရုတ်-အမေရိကန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် နိုင်ငံကြီးတာဝန်ကို ထမ်းဆောင်သင့်သလို နိုင်ငံကြီး၏ ဝတ္တရားကိုလည်း ဖော်ဆောင်သင့်ကြောင်း၊ ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရမည် ဖြစ်သလို ပူးပေါင်းဆောင်ရွက်ရေးကိုလည်း အဆိုပြုရမည် ဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးမှု၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ငြင်းပယ်ရမည် ဖြစ်ကြောင်း ရှဲ့ဖုန်းက ပြောကြားခဲ့သည်။

Duke-UNC China Leadership Summit (CLS) ကို Duke တက္ကသိုလ်နှင့် North Carolina တက္ကသိုလ် Chapel Hill ကျောင်းခွဲ ကျောင်းသားများအဖွဲ့မှ ပူးတွဲကျင်းပခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် ကုန်သည်များ၊ မဟာဗျူဟာနယ်ပယ် စသည်တို့မှ လူပုဂ္ဂိုလ် ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………………
(Chinese Version)
中国驻美大使:中美长期和平共存,既是责任也是必须
新华社华盛顿3月1日电(记者颜亮)中国驻美国大使谢锋2月28日在“杜克-北卡中国领导力峰会”上发表视频致辞时表示,中美两个大国在这个星球上长期和平共存,既是责任也是必须。1月17日,习近平主席同特朗普总统通电话,达成一系列重要共识,为中美关系指出了方向、确立了基调。希望美方同中方相向而行,落实好两国元首通话达成的重要共识,本着相互尊重、和平共处、合作共赢的原则,保持沟通、管控分歧、拓展合作,推动中美关系稳定、健康、可持续发展。
谢锋强调,如果把对方当对手,恶性竞争,只会中美双输、世界遭殃;如果两国做伙伴,相互成就,就能共同繁荣、惠及世界。当务之急是美方切实恪守一个中国原则,按照中美三个联合公报妥善处理台湾问题,坚决反对“台独”,停止升级美台实质关系,停止助台拓展国际空间,“以台制华”终将引火烧身。
谢锋指出,去年中美贸易额超过6800亿美元。中美之间的广泛共同利益和广阔合作空间明明白白,“脱钩断链”伤筋动骨,贸易战关税战损人更伤己。中国早在2019年就在全球率先正式整类列管芬太尼类物质,近年来中美禁毒合作取得的进展有目共睹,以芬太尼为借口挥舞“关税大棒”只会适得其反。
谢锋说,面对全球性挑战层出不穷,热点问题此起彼伏,中美作为联合国安理会常任理事国应该承担大国责任、履行大国义务,维护和平、推动发展、倡导合作,向霸道霸凌、单边主义、保护主义说不。
“杜克-北卡中国领导力峰会”由杜克大学和北卡罗来纳大学教堂山分校学生组织联合举办,两国教育、工商、战略界等150多人参加。(完)
1. Photo taken on Sept. 24, 2015 shows the national flags of China (R) and the United States as well as the flag of Washington D.C. on Constitution Avenue in Washington, capital of the United States. (Xinhua/Bao Dandan)