Latin America
ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းတွင် အသေးစား လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံး

မက္ကဆီကိုမြို့၊ မတ် ၁၈ ရက် (ဆင်ဟွာ)
လူ ၁၅ ဦးအထက် တင်ဆောင်လာသော အသေးစားလေယာဉ်တစ်စီးသည် မတ် ၁၇ ရက် ညပိုင်းက ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း၌ ပျက်ကျခဲ့ရာ လက်ရှိတွင် လူ ၆ ဦး သေဆုံးခဲ့သည်ကို တွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ထိုနေ့ ညပိုင်းတွင် Roatán ကျွန်းရှိ လေဆိပ်မှ ပျံသန်းပြီးနောက် မထိန်းချုပ်နိုင်တော့ဘဲ ပျက်ကျခဲ့ကြောင်း ဟွန်ဒူးရပ်စ် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Octavio Pineda က လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ဟွန်ဒူးရပ်စ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Miguel Martínez က လေယာဉ်ပျက်ကျမှုအတွင်း လူ ၆ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အသေးစားလေယာဉ်သည် မူလက ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းရှိ La Ceiba မြို့သို့ ပျံသန်းရန် စီစဉ်ထားပြီး လေယာဉ်ပေါ်တွင် အနည်းဆုံး လူ ၁၅ ဦးပါဝင်ကြောင်း ပြည်တွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
一架小型飞机在洪都拉斯北部坠毁至少6人遇难
新华社墨西哥城3月17日电(记者吴昊 翟淑睿)特古西加尔巴消息:一架载有至少15人的小型飞机17日晚在洪都拉斯北部坠毁,目前已发现有6人遇难。
洪都拉斯基建与交通部长奥克塔维奥·皮内达在社交媒体上发文说,这架飞机当晚在罗阿坦岛机场起飞后失控坠毁。洪都拉斯警方发言人米格尔·马丁内斯说,已有6人在坠机事故中遇难。
当地媒体报道说,这架小型飞机计划前往洪北部拉塞瓦市,机上载有至少15人。(完)
图说:3月17日,救援人员在洪都拉斯罗阿坦岛的飞机坠毁事故现场附近搜救。新华社发