International Organizations
ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရေးကြီးပွဲစဉ်၌ မန်စီးတီးက အာဆင်နယ်ကို အနိုင်ရ၊ မာဆေးဆိုက်ဒါဘီတွင် လီဗာပူးလ်က နောက်ကျဂိုးဖြင့် အနိုင်ရရှိ
လန်ဒန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
ဧပြီ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်း အီတီဟတ်၌ အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာနှင့် သုံးမှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။
ပက်ပ်ဂွါဒီယိုလာ၏ အသင်းမှာ ပွဲချိန် ၁၆ မိနစ်နှင့် ၆၅ မိနစ်တို့တွင် သွင်းယူခဲ့သည့် ရာယန် ချာကီနှင့် အာလင် ဟာလန်းတို့၏ သွင်းဂိုးများကြောင့် အာဆင်နယ်နှင့် သုံးမှတ်အကွာတွင် ရပ်တည်နေကာ ပွဲပိုတစ်ပွဲကစားရန် ကျန်ရှိနေသည့်အတွက် ဧပြီ ၂၂ ရက်၌ အဆင့်-၁၉ နေရာမှ ဘန်လေအသင်းနှင့် အဝေးကွင်းပွဲစဉ်၌ အနိုင်ရရှိပါက အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိလာမည်ဖြစ်သည်။
ချာကီက တစ်ကိုယ်တော်အစွမ်းဖြင့် အာဆင်နယ် နောက်ခံလူနှစ်ဦးကို လှည့်ထွက်ကာ ဂိုးသမား ဒေးဗစ် ရာယာကိုကျော်၍ ညာခြေဖြင့် လှလှပပ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် တစ်မိနစ်အကြာတွင် စီးတီးဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာ ဆိုးဆိုးရွားရွား အမှားကျူးလွန်မိရာမှ ကိုင်ဟာဗက်ဇ်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
အဆိုပါပွဲစဉ်၌ ပထမပိုင်းတွင် နှစ်သင်းကြား ခြေစွမ်းကွာဟမှု မရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် စီးတီးက ပွဲကို ပိုမိုထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် လျင်မြန်သည့် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဟာလန်းက ဂါဘရီရယ် အကြိတ်အနယ် လိုက်လံဖျက်ထုတ်နေသည့်ကြားမှပင် စီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။
အဲဗာတန်အသင်း၏ အိမ်ကွင်းသစ် ဟေးလ် ဒစ်ကင်ဆန်၌ ယှဉ်ပြိုင်ကစားသည့် ပထမဆုံး မာဆေးဆိုက်ဒါဘီပွဲစဉ်၌ လီဗာပူးလ်က ပွဲပြီးခါနီးတွင် သွင်းယူခဲ့သည့် ဗာဂျယ် ဗန်ဒိုက်၏ ခေါင်းတိုက်ဂိုးဖြင့် အဲဗာတန်ကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရရှိခဲ့သည်။
၎င်းအတွက် နောက်ဆုံး မာဆေးဆိုက်ဒါဘီပွဲစဉ်၌ တိုက်စစ်မှူး မိုဟာမက် ဆာလာက ပွဲချိန် ၂၉ မိနစ်တွင် လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ အဆိုပါသွင်းဂိုးမှာ အဲဗာတန်အသင်းဘက်သို့ ၎င်း၏ ၉ ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ကာ အဲဗာတန်အသင်းဘက်သို့ ဂိုးသွင်းယူထားသည့် စတီဗင် ဂျရတ်၏ စံချိန်နှင့်လည်း တူညီသွားပြီဖြစ်သည်။
ပွဲချိန် ၅၄ မိနစ်တွင် ဘီတိုက အဲဗာတန်အတွက် ချေပဂိုးသွင်းယူခဲ့ကာ ပွဲချိန်နှောင်းပိုင်းတွင် လီဗာပူးလ်အသင်းက ခြေစွမ်းပိုမိုကောင်းမွန်ခဲ့သော်လည်း နာကျင်အချိန်ပို ၁၀ မိနစ်ရောက်မှသာ ဗန်ဒိုက်၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါသွင်းဂိုးမှာ လာမည့်ရာသီတွင် လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်။
အက်စတွန်ဗီလာက ဆန်းဒါးလန်းကို အိမ်ကွင်း၌ ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့်-၄ နေရာ၌ အခိုင်အမာ ရပ်တည်နေဆဲဖြစ်ကာ ပွဲချိန်နှောင်းပိုင်းတွင် အပြန်အလှန်သွင်းဂိုးများကို မြင်တွေ့ခဲ့ရသည်။ ဗီလာအတွက် အိုလီ ဝက်ကင်စ်က နှစ်ဂိုးသွင်းယူခဲ့ပြီး မော်ဂန် ရော်ဂျာစ်က တစ်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၉၃ မိနစ်တွင် တမ်မီ အေဘရာဟမ်က အနိုင်ဂိုးသွင်းယူခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်က ကံဆိုးမိုးမှောင်ကျနေသည့် ဘန်လေကို အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်ဂန် ဂစ်ဘ်စ်-ဝှိုက်က ဟက်ထရစ်သွင်းယူခဲ့ကာ အီဂေါ ဂျေးဆူးက ဖောရက်စ်အတွက် စတုတ္ထဂိုးသွင်းယူခဲ့သည်။
ယခုနိုင်ပွဲကြောင့် ဖောရက်စ်အနေဖြင့် တန်းဆင်းဇုန်တိုက်ပွဲတွင် တော့တင်ဟမ်ကို ငါးမှတ်ဖြတ်ထားနိုင်ခဲ့သလို ဧပြီ ၂၀ ရက်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ကစားမည့် ဝက်စ်ဟမ်းအသင်းကိုလည်း လေးမှတ်အသာရရှိထားသည်။
ဧပြီ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာယူနိုက်တက်နှင့် ချဲလ်ဆီးအသင်း၏ ပွဲစဉ်၌ ယူနိုက်တက်က အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့်-၃ နေရာတွင် အခိုင်အမာရပ်တည်လျက်ရှိသည်။ ပွဲချိန် ၄၃ မိနစ်တွင် ဘရူနို ဖာနန်ဒက်စ်၏ ဖန်တီးပေးမှုမှတစ်ဆင့် မက်သီးယက်စ် ကွန်ညာက သွင်းယူခဲ့ခြင်းဖြစ်ကာ ဘရူနိုမှာ ယခုရာသီတွင် ပရီးမီးယားလိဂ်၌ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ချဲလ်ဆီးအသင်းမှာမူ လေးပွဲဆက်ရှုံးပွဲကြုံခဲ့ရပြီး လီယန် ဒီလက်ပ်နှင့် ဝက်စလေ ဖိုဖာနာတို့၏ သွင်းဂိုးရရှိရန် ကြိုးပမ်းမှုများမှာလည်း ဂိုးတိုင်ထိမှန်ခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က အဲဗာတန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက် ခေါင်းတိုက်၍ အနိုင်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က အဲဗာတန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ အလက်ဇန်းဒါး အီဆက်ခ် (ယာ) ကို အဲဗာတန်အသင်းမှ ဗစ်တာလီ မိုင်ကိုလန်ကိုက ပိတ်ဆို့ဟန့်တားနေစဉ် (ဆင်ဟွာ)


……………………………………………………………
(English Version)
Man City beats Arsenal in title showdown, Liverpool edges Merseyside derby
LONDON, April 20 (Xinhua) — Manchester City moved to within three points of the top of the Premier League on Sunday with a 2-1 win at home to top-of the table Arsenal after a tense encounter in the Etihad Stadium.
Goals from Rayan Cherki after 16 minutes and Erling Haaland after 65 minutes leave Pep Guardiola’s side three points behind Arsenal but with an extra game to play, and City will go top with a win away to second-from-bottom Burnley on Wednesday.
Cherki scored a wonderful individual goal to open the scoring, beating two defenders and slotting a right-foot shot past David Raya. However, barely a minute later, a dreadful mistake from Gianluigi Donnarumma gifted Kai Havertz an equalizer.
The first half was an even affair, but City controlled things better after the break with Haaland scoring the winner after a swift break and holding off a strong challenge from Gabriel.
Virgil van Dijk’s late header gave Liverpool a dramatic 2-1 win away to Everton in the first derby to be played in Everton’s new Hill Dickinson Stadium.
Playing in his last Merseyside derby, Mohamed Salah scored his ninth goal against Everton after 29 minutes to put Liverpool ahead and equal Steve Gerrard’s record of goals against Everton.
Beto pulled Everton back into the game in the 54th minute, but Liverpool was the better team in the closing stages, although it wasn’t until the 10th minute of injury time that Van Dijk scored a goal that could help give his side a place in next season’s Champions League.
Aston Villa remains strong in fourth after a late flurry of goals in a 4-3 win at home to Sunderland, with Ollie Watkins scoring twice and Morgan Rogers also on target before Tammy Abraham netted a 93rd minute winner.
Morgan Gibbs-White scored a hat-trick as Nottingham Forest won 4-1 at home to hapless Burnley, with Igor Jesus scoring Forest’s fourth.
The win moves Forest five points clear of Tottenham in the relegation battle and four clear of West Ham, which plays Crystal Palace on Monday.
On Saturday, Matheus Cunha’s 43rd-minute effort from Bruno Fernandes’ 18th assist of the season gave Manchester United a 1-0 win away to Chelsea to consolidate its third place in the league, while inflicting a fourth consecutive defeat on a rival that hit the bar twice through Liam Delap and Wesley Fofana.
English Caption 1
Manchester City’s Erling Haaland (R) celebrates after scoring the first goal during the English Premier League match between Manchester City FC and Liverpool FC in Manchester, Britain, on Nov. 9, 2025. (Xinhua)
English Caption 2
Liverpool’s captain Virgil van Dijk celebrates scoring the winning goal with a header during the English Premier League match between Everton FC and Liverpool FC in Liverpool, Britain, on April 19, 2026. (Xinhua)
English Caption 3
Liverpool’s Alexander Isak (R) is challenged by Everton’s Vitaliy Mykolenko during the English Premier League match between Everton FC and Liverpool FC in Liverpool, Britain, on April 19, 2026. (Xinhua)
