Connect with us

Europe

လွန်ခဲ့သည့် ၃၆ နာရီအတွင်း သင်္ဘော ၃၅ စင်းက ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာစဉ် နောက်ပြန်လှည့်ခဲ့ကြောင်း ဗြိတိန်ရေကြောင်းသုံးသပ်မှုကုမ္ပဏီ ဆို

ဟော်မုဇ်ရေလက်ကြားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အီရန်သည် ဟော်မုဇ်ရေလက်ကြားအား ယာယီဖွင့်လှစ်ပြီးနောက် ပြန်လည်ပိတ်ဆို့ခဲ့ရာ လွန်ခဲ့သည့် ၃၆ နာရီအတွင်း သင်္ဘော ၃၅ စင်းသည် ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာစဉ် နောက်ပြန်လှည့်ခဲ့သည်ဟု ဗြိတိန်နိုင်ငံတွင် ရုံးချုပ်အခြေစိုက်သော ရေကြောင်းသုံးသပ်မှုကုမ္ပဏီ Windward က ဧပြီ ၁၉ ရက်တွင် အစီရင်ခံစာထုတ်ပြန်ပြောကြားခဲ့သည်။

အီရန်က ဧပြီ ၁၇ ရက်တွင် ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်သည်ဟု ကြေညာပြီးနောက် ထိုနေ့တွင် သင်္ဘောများ၏ တုံ့ပြန်ချက်သည် အတန်အသင့်သတိထားမှုရှိကြောင်း၊ ဧပြီ ၁၈ ရက်တွင် ရေလက်ကြား၌ ဖြတ်သန်းသွားလာမှုသည် မူလကနည်းပါးနေရာမှ ဆက်လက်ပြီး အလျင်အမြန်မြင့်တက်လာရာ သင်္ဘောများက အခြေအနေမဆိုးရွားသွားခင် ရေလက်ကြားမှ အလုအယက်ဖြတ်သန်းသွားကြကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။
ထိုနေ့တွင် ရေလက်ကြားမှ စုစုပေါင်းသင်္ဘော ၃၅ စင်း ဖြတ်သန်းသွားရာ ၎င်းအနက်မောင်းနှင်ဝင်ရောက်သည့် ၈ စင်းတွင် ရေနံတင်သင်္ဘော ၄ စင်း၊ ကုန်တင်သင်္ဘောကြီး ၂ စင်း၊ အခြားကုန်သင်္ဘော ၂ စင်း ဖြစ်ကြောင်း၊ မောင်းထွက်သွားသည့် ၂၇ စင်းတွင် ရေနံတင်သင်္ဘော ၈ စင်း၊ ကုန်တင်သင်္ဘောကြီး ၃ စင်း၊ အခြားကုန်သင်္ဘော ၁၅ စင်း၊ ခရီးသည်တင်သင်္ဘော ၁ စင်း ပါဝင်ကြောင်း သိရသည်။

အီရန်က ဧပြီ ၁၈ ရက်တွင် ရေလက်ကြားအား ထပ်မံပိတ်ဆို့ကြောင်း ကြေညာပြီးနောက် သင်္ဘော ၁၃ စင်း ပြန်လှည့်ခဲ့သည်ဟု Windward ကုမ္ပဏီက အတည်ပြုခဲ့ရာ ၎င်းအနက် သင်္ဘော ၄ စင်းသည် ရေလက်ကြားအား ဖြတ်သန်းပြီးနောက် နောက်ပြန်လှည့်ခဲ့သည့် ကွန်တိန်နာတင်သင်္ဘောဖြစ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။ ထိုနေ့တွင်ပင် သင်္ဘောအားတိုက်ခိုက်မှုဖြစ်စဉ် ၃ ခု ထပ်မံဖြစ်ပွားခဲ့ရာ အမေရိကန်၊ အစ္စရေး၊ အီရန် စစ်ပွဲဖြစ်ပွားပြီးနောက် တိုက်ခိုက်မှုခံရသည့် သင်္ဘောအစင်းရေသည် ၂၉ စင်းအထိ မြင့်တက်သွားခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများသည်လည်း သင်္ဘောများ နောက်ပြန်လှည့်မှုကို တစ်ဆင့်တိုး ဆိုးရွားသွားစေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

သင်္ဘောများသည် အီရန်ဆိပ်ကမ်းအပေါ် အမေရိကန်၏ပိတ်ဆို့ထားမှုများကို ထိုးဖောက်ရန် အဆက်မပြတ် ကြိုးပမ်းခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဧပြီ ၁၇ ရက်မှ ၁၉ ရက်အထိ သင်္ဘော အစင်း ၂၀ သည် အမေရိကန်၏ပိတ်ဆို့မှုကို ထိုးဖောက်ခဲ့ဖွယ်ရှိကြောင်း Windward ကုမ္ပဏီ၏သုံးသပ်မှုက ယူဆထားသည်။ (Xinhua)

—————–
(Chinese Version)
英海事分析公司:过去36小时有35艘船只在驶出霍尔木兹海峡途中掉头
新华社伦敦4月19日电(记者高文成)总部位于英国的海事分析公司温沃德19日发布报告说,伊朗短暂重开霍尔木兹海峡后再次关闭,过去36小时内,有35艘船只在驶出海峡途中掉头折返。
报告说,伊朗17日宣布重开海峡后,当天船只反应较为谨慎。18日,海峡通行起初稀疏,随后迅速增多,船只争相在形势恶化前通过。当日共有35艘船只通过海峡,其中驶入8艘,包括4艘油轮、2艘散货船、2艘其他货船;驶出27艘,包括8艘油轮、3艘散货船、15艘其他货船、1艘客船。
报告说,伊朗18日宣布再次关闭海峡后,温沃德公司随即确认13艘船只折返,其中包括4艘已通过海峡后折返的集装箱船。同日还记录了3起袭船事件,使美以伊战事爆发以来遇袭船只总数增至29艘。这些袭击进一步加剧了船只折返潮。
报告还说,船只持续试图突破美国对伊朗港口的封锁。17日至19日,温沃德公司评估认为,有20艘船疑似突破美国封锁。(完)
图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。 新华社记者 汪强 摄