Media
တရုတ်နိုင်ငံက မိမိဘာသာ အသွင်ပြောင်းနိုင်သည့် စက်ရုပ်အမျိုးအစားသစ်ကို မိတ်ဆက်
AgiBot X2-N ဟု အမည်ပေးထားသော မိမိဘာသာ အသွင်ပြောင်းနိုင်သည့် စက်ရုပ်အမျိုးအစားသစ်အား တရုတ်နိုင်ငံက မိတ်ဆက်ပြသခဲ့သည်။
အဆိုပါစက်ရုပ်မှာ ဘီးဖြင့်ရွေ့လျားသွားလာခြင်းနှင့် ခြေထောက်အသွင်ဖြင့် သွားလာခြင်း စသည့် အသွင်နှစ်မျိုးစလုံးကို ဟန်ချက်ညီညီ ပြောင်းလဲနိုင်သည့် အလွန်ခေတ်ရှေ့ပြေးသော နှစ်မျိုးသုံးစက်ရုပ်ဖြစ်သည်။
X2-N စက်ရုပ်မှာ ခြေထောက်အသွင်ဖြင့် သွားလာလှုပ်ရှားပါက ရှုပ်ထွေးသော ပတ်ဝန်းကျင်များတွင် အလွယ်တကူ သွားလာနိုင်သလို လှေကားထစ်များပေါ်သို့လည်း မကြည့်ဘဲတက်နိုင်ကာ ပစ္စည်းအလေးချိန် ခြောက်ကီလိုဂရမ်အထိ ဟန်ချက်မပျက်ဘဲ သယ်ဆောင်နိုင်ကြောင်း သိရသည်။
ထိုစက်ရုပ်မှာ ဘီးအသွင်ပြောင်းလဲလိုက်ပါကလည်း မြန်မြန်ဆန်ဆန်နှင့် လိုရာသို့ တိတိကျကျ သွားလာနိုင်ပြီး အတွန်းခံရလျှင်ဖြစ်စေ သို့မဟုတ် ဝင်တိုက်ခံရလျှင်ဖြစ်စေ မယိမ်းမယိုင် ရပ်တည်နိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China releases self-transforming robot
STORYLINE:
China released a new transforming robot, AgiBot X2-N.
The robot is a revolutionary dual-mode robot that can switch seamlessly between wheeled and legged forms.
In its legged form, the X2-N navigates complex environments with ease, climbing stairs blindly and carrying up to 6 kg without losing balance.
When switched to its wheeled mode, it moves with speed and precision. Even when pushed or impacted, it stands its ground.
Xinhua News Agency correspondents reporting from Shanghai, China. (XHTV)