Connect with us

Asia

တာကာအိချိ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုကို ကန့်ကွက်ရန် ဂျပန်လွှတ်တော်အဆောက်အအုံ အနီးဝန်းကျင်တွင် လူပေါင်း ၃၆,၀၀၀ စုဝေးခဲ့

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်၌ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေးကို တိုက်တွန်းရန် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ကြသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တာကာအိချိအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုကို အပြင်းအထန် ကန့်ကွက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေးအား တိုက်တွန်းရန် ဂျပန်ပြည်သူ ၃၀,၀၀၀ ကျော်သည် ဧပြီ ၁၉ ရက် ညနေပိုင်းတွင် တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်၌ စုဝေးခဲ့ကြသည်။
ထိုနေ့ လူထုစုဝေးပွဲတွင် လူပေါင်း ၃၆,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း၊ ယင်းမှာ ဧပြီ ၈ ရက်ပြီးနောက် ဂျပန်လွှတ်တော် အနီးဝန်းကျင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအား ကန့်ကွက်သည့် လူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိ လူထုစုဝေးပွဲ ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း လှုပ်ရှားမှုစီစဉ်သူဘက်၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။ ဆန္ဒပြသူများသည် “စစ်ဖြစ်ခြင်းကို ဆန့်ကျင်တယ်” ၊ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ အား ချိုးဖောက်ခွင့်မပြု”၊ “တာကာအိချိ ရာထူးမှ နုတ်ထွက်ပေး” စသည့် စာသားများ ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းခဲ့ကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တာကာအိချိအစိုးရရဲ့ အတင်းမြှင့်တင်လုပ်ဆောင်မှုတွေကို ကန့်ကွက်ဖို့အတွက် ဒီလောက်များတဲ့ လူတွေ ဒီမှာ လာစုဝေးကြတယ်ဆိုကတည်းက ဂျပန်ပြည်သူလူထုက စစ်တိုက်ဖို့ မလိုလားကြကြောင်း ပြသနေတယ်” ဟု မျိုးရိုးနာမည် Hara ဖြစ်သော ဆန္ဒပြသူတစ်ဦးက သတင်းထောက်အား ပြောကြားခဲ့သည်။ ယင်းမှာ ၎င်း၏ ၄ ကြိမ်မြောက် ဤကဲ့သို့သော လူထုစုဝေးပွဲတွင် ပါဝင်ခြင်း ဖြစ်သည်။

တာကာအိချိသည် ၎င်းဦးဆောင်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အောက်လွှတ်တော်၌ အမတ်နေရာအများအပြား ရရှိထားခြင်းကို အားကိုးပြီး လူထုသဘောထားကို လျစ်လျူရှု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အတင်းတွန်းအားပေးလုပ်ဆောင်ကာ ဂျပန်နိုင်ငံအား စစ်ပွဲဆင်နွှဲနိုင်သည့်နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် ဆန္ဒရှိရာ ၎င်းအနေဖြင့် ယင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ “(တာကာအိချိ အစိုးရ အနေနဲ့) ပြည်သူတွေရဲ့ တောင်းဆိုသံတွေကို နားဆင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆန္ဒပြသူ Takahashi က ဂျပန်နိုင်ငံသည် အာရှတိုက်ပြည်သူများအပေါ် အလွန်ဆိုးရွားသော ထိခိုက်မှုများ ဖြစ်စေခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဤအချက်အပေါ် အခြေခံ၍ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲထားခြင်းဖြစ်ရာ ၎င်းအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ဤကဲ့သို့သော လူထုစုဝေးပွဲတွင် ပထမအကြိမ် ပါဝင်ဆန္ဒပြခဲ့သူ Izumi က “ကျွန်တော့်မှာ တူတွေ တူမတွေရှိတယ်၊ နောင်အခါမှာ သူတို့ကို စစ်တိုက်ဖို့ ပို့ရမှာကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။ ကျွန်တော် စစ်ဖြစ်တာကို ကန့်ကွက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ကို အပြည့်အဝ ကာကွယ်ထိန်းသိမ်းရမယ်” ဟု ပြောကြားခဲ့သည်။

ဆန္ဒပြသူ အမျိုးသားတစ်ဦးက “ကျွန်တော် စစ်ပွဲကို ကြောက်တယ်၊ အဲဒါကြောင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ယခုလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ရပ်တည်ချက်အပေါ် ကြောက်ရွံ့မိတယ်” ဟု ဆိုခဲ့သည်။ “ကျွန်တော့်အနေနဲ့ တာကာအိချိ ရာထူးမှ နုတ်ထွက်နိုင်ပြီး ပုံမှန်ဖြစ်တဲ့ ဒီမိုကရေစီကို အမှန်တကယ် မြှင့်တင်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက်က ဂျပန်နိုင်ငံရေးကို တွန်းအားပေးဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ ဂျပန်ကို တရုတ်၊ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ပါ ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်တဲ့ နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၇ ခုနှစ်တွင် ပြဋ္ဌာန်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း ပုဒ်မ ၉ တွင် ဂျပန်နိုင်ငံသည် “နိုင်ငံ၏အခွင့်အာဏာဖြင့် စစ်ပွဲ စတင်ခြင်း၊ လက်နက်အင်အားသုံးခြိမ်းခြောက်မှု သို့မဟုတ် အသုံးပြုမှုတို့ကို နိုင်ငံတကာအငြင်းပွားမှုများအား ဖြေရှင်းရန် နည်းလမ်းအဖြစ် အသုံးပြုခြင်းကို ထာဝရစွန့်လွှတ်ရန်” သတ်မှတ်ထားသလို၊ “ကြည်း၊ ရေ၊ လေနှင့် အခြားသော စစ်ပွဲဖြစ်ပွားရန် အင်အားများကို ထားရှိ၍ မရ၊ နိုင်ငံတော်၏ စစ်ဖြစ်ခွင့်ကိုလည်း အသိအမှတ်မပြု” ဟု ပြဋ္ဌာန်းထားသောကြောင့် ယင်းကို ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဟုလည်း ခေါ်ဝေါ်ကြသည်။

တာကာအိချိနှင့် ဂျပန်လက်ယာယိမ်း အင်အားစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ကို ပြင်ဆင်ရန် ကာလရှည်ကြာစွာ ကြိုးပမ်းခဲ့ကြသည်။ ယခုလ ၁၂ ရက်တွင် ကျင်းပသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ တာကာအိချိက “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂျပန်ပြည်သူများ ကိုယ်တိုင်လွတ်လပ်စွာ ပြင်ဆင်နိုင်ရေးမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အခြေခံမူဝါဒဖြစ်ပြီး ယခုအခါ အချိန်ကျရောက်ပြီ” ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေအား အရှိန်မြှင့် ပြင်ဆင်ရန် ဆန္ဒကို ရည်ညွှန်းနေခဲ့ရာ ဂျပန်ပြည်သူများနှင့် နယ်ပယ်အသီးသီး၏ ပြင်းထန်သောစိုးရိမ်မှုနှင့် ဆန့်ကျင်မှုများကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
日本国会周围3.6万人集会抗议高市修宪企图
新华社东京4月19日电(记者陈泽安 李林欣)日本超3万民众19日下午聚集在国会议事堂周围,强烈抗议高市早苗政府的修宪企图,呼吁守护宪法。
据组织方介绍,当天的集会有约3.6万人参加。这是自4月8日以来,日本国会附近再度出现3万人左右大规模的反修宪集会。抗议者们手举写有“反对战争”“不许破坏宪法第九条”“高市下台”等字样的标语,呼吁守护和平宪法。
“这么多人聚集在这里抗议高市政府强推修宪,说明日本民众不希望打仗。”一名姓原的抗议者对记者说。这是她第4次参加类似集会。她说,高市凭借其领导的自民党在国会众议院拥有大量议席,不顾民意强推修宪,欲把日本变成能战争的国家,她对此强烈反对,“希望(高市政府)倾听民众的声音”。
抗议者高桥表示,日本曾给亚洲人民带来极其严重的伤害,日本的和平宪法正是基于相关思考制定的,她强烈反对修宪。
第一次参加这类集会的抗议者和泉说:“我有侄子和侄女,我绝对反对他们将来被送去打仗。我反对战争。绝对要守护宪法第九条。”
一名日本男性抗议者说:“我害怕战争,所以对于现在自民党那种试图修改宪法第九条的立场感到害怕。”他说:“我希望高市能够下台,由能够真正推进正常民主主义的领导人来推动日本政治。希望日本成为一个可以与中国以及世界各国友好相处的国家。”
日本现行宪法于1947年施行,其第九条规定日本“永远放弃以国权发动的战争、武力威胁或武力行使作为解决国际争端的手段”,“不保持陆海空军及其他战争力量,不承认国家的交战权”,因而也被称为和平宪法。
高市和日本右翼势力长期以来企图修改宪法第九条。在本月12日举行的自民党大会上,自民党总裁高市宣称“由日本人自主进行修宪是自民党的基本方针,现在时机已经到来”,意欲强推修宪,持续引发日本民众和各界的强烈担忧和反对。(完)
图说:4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.