Connect with us

WORLD

အာဖရိကတိုက်၌ COVID-19 လူနာ ၄ ဒသမ ၂၅ သန်းကျော် ရှိလာ

တောင်အာဖရိကနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အာဒစ်အာဘာဘာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)အာဖရိကတိုက်၌ C

OVID-19 အရေအတွက်မှာ ဧပြီ ၃ ရက်နေ့လည်ပိုင်းတွင် ၄,၂၅၂,၆၇၆ ဦး ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။

အာဖရိကတိုက်အနှံ့ ကပ်ရောဂါမှ ပြန်လည်သက်လာခဲ့သော လူနာ အရေအတွက်မှာ ၃,၈၀၀,၁၃၀ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၁၃,၄၂၉ ဦး ရှိခဲ့ကြောင်း အာဖရိကသမဂ္ဂ(AU) ကျန်းမာရေးစောင့်ရှောက်မှု အေဂျင်စီ အထူးပြု Africa CDC က ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ၌ ကျန်းမာရေး ဝန်ထမ်းများက COVID-19 စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

အာဖရိကနိုင်ငံများအနက် အများဆုံး ဖြစ်သည့် တောင်အာဖရိက၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅၂,၉၆၄ ဦး ရှိခဲ့ပြီး ယင်းနောက်တွင် အီဂျစ်နိုင်ငံက ၁၂,၀၈၄ ဦး ၊ မိုရိုကိုနိုင်ငံ၌ ၈,၈၃၅ ဦး ရှိကြောင်း Africa CDC ထံမှ သိရသည်။

တောင်အာဖရိကနိုင်ငံသည် COVID-19 ရောဂါ ဖြစ်ပွားမှုအတည်ပြုချက်များအရ ဖြစ်ပွားမှု အများဆုံး ဒေသဖြစ်ပြီး ယင်းနောက်တွင် အာဖရိကမြောက်ပိုင်းဒေသ နှင့် အာဖရိက အရှေ့ပိုင်းဒေသများသည် ဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ဖြစ်ပွားမှုအတည်ပြုချက်များအရ အာဖရိကတိုက် အလယ်ပိုင်းဒေသသည် ဖြစ်ပွားမှု အနည်းဆုံး ဒေသ ဖြစ်ကြောင်း သိရသည်။အာဖရိကတိုက်၌ ရောဂါဖြစ်ပွားမှုအားလုံး၏ ၆၅ ရာခိုင်နှုန်းခန့်မှာ တောင်အာဖရိက ၊ မော်ရိုကို ၊ တူနီရှား ၊ အီဂျစ် နှင့် အီသီယိုးပီးယား နိုင်ငံတို့မှ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားသော COVID-19 လူနာ စုစုပေါင်း၏ ၄ ဒသမ ၁ ရာခိုင်နှုန်းသည် အာဖရိကတိုက်မှဖြစ်ကြောင်း Africa CDC ထံမှ သိရသည်။Africa CDC ၏ ဧပြီ ၁ ရက်တွင် ဖော်ပြချင်အရ ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူအားလုံး၏ ၄ ရာခိုင်နှုန်းခန့်သည် အာဖရိကတိုက်မှ ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)
Africa’s confirmed COVID-19 cases surpass 4.25 mln: Africa CDC

ADDIS ABABA, April 3 (Xinhua) — The number of confirmed COVID-19 cases in Africa has reached 4,252,676 as of Saturday noon, the Africa Centers for Disease Control and Prevention (Africa CDC) said.
The Africa CDC, the specialized healthcare agency of the African Union (AU), said the death toll related to the pandemic stood at 113,429, while 3,800,130 patients across the continent have recovered from the disease.
South Africa has lost 52,964 lives to COVID-19, the most among African countries, followed by Egypt, at 12,084, and Morocco, at 8,835, according to the Africa CDC.
Southern Africa is the most affected region in terms of confirmed cases, followed by the northern African and eastern African regions.
Central Africa is the least affected African region in terms of confirmed COVID-19 cases.
Five countries account for about 65 percent of all cases reported in Africa. These five African countries are South Africa, Morocco, Tunisia, Egypt and Ethiopia.
According to the Africa CDC, the African continent accounts for 4.1 percent of total COVID-19 cases reported globally.
The COVID-19 related deaths in the African continent account for about 4 percent of all COVID-19 related deaths recorded globally, the Africa CDC disclosed Thursday. ■