Connect with us

Africa & Middle East

အာဖရိက၏ အကြီးဆုံး တက္ကသိုလ် စာကြည့်တိုက် တန်ဇန်းနီးယား၌ တရုတ် တည်ဆောက်

အာဖရိက၏ အကြီးဆုံး တက္ကသိုလ် စာကြည့်တိုက် အုတ်မြစ်ချ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ဒါအက်စ်ဆဲလ်လမ်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အာဖရိက၌ အကြီးဆုံး တက္ကသိုလ် စာကြည့်တိုက်အား တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ်ဆဲလ်လမ်ရှိ တက္ကသိုလ် (UDSM) ၌ တည်ဆောက်မည် ဖြစ်ပြီး တန်ဇန်းနီးယား သမ္မတ ဂျွန်မာဂူဖူလီက အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ကာ ယင်းစာကြည့်တိုက်မှာ အမေရိကန် ဒေါ်လာ သန်း ၄၀ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ယင်း ကုန်ကျစရိတ်များအား တရုတ်နိုင်ငံ အစိုးရက ကုန်ကျခံ တည်ဆောက်သွားမည် ဖြစ်ပြီး နိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားလာစေရေး အတွက် လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း သမ္မတ မာဂူဖူလီက ပြောသည်။
အဆိုပါ စာကြည့်တိုက်ကြီးသည် နေရာ ၂၀,၀၀၀ စတုရန်းမီတာ ကျယ်ပြီး စာအုပ်ပေါင်း ၈ သိန်းအား သိမ်းဆည်း ထားနိုင်မည် ဖြစ်ကြောင်း အဆောက်အဦ အုတ်မြစ်ချပွဲ အခမ်းအနား၌ ၎င်းက ပြောသည်။
ယင်း စာကြည့်တိုက်ကြီး ပြီးစီးပါက တက္ကသိုလ်ကျောင်းသား ၂,၆၀၀ က တစ်ပြိုင်နက်တည်း စာကြည့်တိုက်ကို အသုံးပြုနိုင်မည် ဖြစ်သည်။
ယခုလို စာကြည့်တိုက် အပါအဝင် ပညာရေး ကဏ္ဍများ၌ ပါဝင်ကူညီပေးသည့်အတွက် တရုတ် အစိုးရအား ကျေးဇူးတင်ကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့် အခမဲ့ ပညာရေးအတွက် လစဉ် အမေရိကန် ဒေါ်လာ ၉.၄ သန်း ထောက်ပံ့ပေးရကြောင်း၊ မူလတန်း ပညာကျောင်းများ၌ ကျောင်းအပ်နှံမှုနှုန်း တိုးတက်လာသည်နှင့် အမျှ စာသင်ခန်းနှင့် စာရေး စားပွဲ ပြတ်လပ်မှုများကလည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်လာကြောင်း သမ္မတ မာဂူဖူလီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.