Connect with us

Africa & Middle East

အမေရိကန် သတင်းထောက် တစ်ဦးနှင့် ၎င်း၏ ဘာသာပြန် အာဖဂန်နစ္စတန် တောင်ပိုင်း၌ သေဆုံး

အမေရိကန် သတင်းထောက် ဒေးဗစ် ဂီလ်ကီး (ယာ)နှင့် ဘာသာပြန် ဇာဘီဟူလာ တာမာနာ (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အမေရိကန် သတင်းထောက် တစ်ဦးနှင့် ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးနေသူ တစ်ဦးတို့သည် အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဟဲလ်မန် ပြည်နယ်အတွင်း အာဖဂန် စစ်တပ်ယာဉ်တန်းအား ဇွန်လ ၅ ရက်က စစ်သွေးကြွများ၏ တိုက်ခိုက်မှု၌ သေဆုံးသွားခဲ့ကြောင်း အာဖဂန် စစ်တပ်အရာရှိ တစ်ဦးက ဇွန်လ ၆ ရက် အစောပိုင်းက အတည်ပြု ပြောကြားလိုက်သည်။

စစ်သွေးကြွများက ၈၂ မမ အမြောက်ဖြင့် အာဖဂန် စစ်ယာဉ်တန်း တစ်ခုအား ပစ်ခတ်ခဲ့ရာ ယင်းယာဉ်တန်းနှင့် အတူ လိုက်ပါလာသည့် အမေရိကန် National Public Radio (NPR) မှ ဒေးဗစ် ဂီလ်ကီးနှင့် ဘာသာပြန် ဇာဘီ ဟူလာ တာမာနာတို့မှာ သေဆုံးခဲ့ကြောင်း တပ်မ ၂၁၅ Maiwand တပ်မှူး ဗိုလ်ချုပ် မိုဟာမတ် မိုဟင်း ဖကီးယားကပြောသည်။
“ဒီတိုက်ခိုက်မှုကို ဘယ်သူ့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် မပြောကြားထားပေမဲ့ ဒီနေရာ တဝိုက်မှာ လှုပ်ရှားနေတဲ့ တာလီဘန်တို့ရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း သံသယရှိထားတယ်” ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ သတင်းထောက်နှစ်ဦးလုံးမှာ အခင်း ဖြစ်ပွားသည့် မာဂျာ ခရိုင်အတွင်း ဒေသစံတော်ချိန် ညနေ ၂း၃၀ နာရီ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
သေဆုံးသူ နှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် ဇာဘီ ဟူလာ တာမာနာမှာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆင်ဟွာ သတင်းအေဂျင် စီကဘူးလ် ဗျူရို၌ ဓာတ်ပုံ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု တစ်ကြိမ်တွင်မူ ဂီလ်ကီးအတွက် ဘာသာပြန် အဖြစ် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခွဲအတွင်း အာဖဂန်နစ္စတန်တွင်း သေဆုံးခဲ့သည့် သတင်းထောက် ၅၀ ဦးရှိခဲ့ ကြောင်း အာဖဂန်နစ္စတန်အတွင်း မီဒီယာထောက်ပံ့ရေး အေဂျင်စီ တစ်ခုဖြစ်သော Nai အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117