Connect with us

Africa & Middle East

နိုင်ဂျာတွင် ဘိုကိုဟာရမ်အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် လူ ၃၂ ဦးအသတ်ခံရ

ဘိုကိုဟာရမ် အကြမ်းဖက်သမားများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နိုင်မီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

နိုက်ဂျီးရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ဒေသ Bosso မြို့၌ ဇွန်လ ၃ရက် ညပိုင်းက ဘိုကိုဟာရမ်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ၃ဝ ဦး နှင့် အရပ်သား ၂ ဦးသေဆုံးသွားကြောင်း ဇွန်၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ဂျာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘိုကိုဟာရမ်အကြမ်းဖက်သမား ရာပေါင်းများစွာသည် Bosso မြို့အား ညပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။ နိုင်ဂျီးရီးယား စစ်သားများသည် အင်အားပြင်းထန်လှသော ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆိုတ်ခွာပေးခဲ့ရကြောင်း နှင့် ဇွန်၃ ရက်ည တိုက်ပွဲအတွင်း အခြား စစ်သား ၇ ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုက်ဂျီးရီးယားတပ်ဖွဲ့ဝင်များ၏ တန်ပြန်တိုက်ခိုက်မှုဖြင့် ဇွန် ၄ ရက် နံနက်အစောပိုင်းတွင် Bosso မြို့အစိတ်အပိုင်းအားလုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ “ အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ပြီမို့ဒေသခံတွေနေရပ်ပြန်လာလို့ရပါပြီ ”ဟု ဝန်ကြီးက ဆိုသည်။
မျက်မြင်သက်သေများ၏ အဆိုအရ နိုက်ဂျီးရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ဂျာနိုင်ငံအရှေ့ပိုင်းတွင် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဘိုကိုဟာရမ်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော နိုင်ဂျီးရီးယားလူမျိုးများ နှင့် စစ်သားများသေဆုံးခဲ့ရကြောင်း ၊ထို့ပြင် နိုင်ဂျီးရီးယားလူမျိုး ထောင်ပေါင်းများစွာကို နေရပ်စွန့်ခွာထွက်ပြေးစေခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.