Connect with us

Asia

အိန္ဒိယရေတပ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးတပ်ဖွဲ့က ကမ်းဝေးပင်လယ်ပြင်၌ မူးယစ်ဆေးဝါး ပမာဏအများအပြား သိမ်းဆည်းရမိ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ရေတပ်သင်္ဘောကျင်းတွင် အိန္ဒိယရေတပ်သင်္ဘော (INS) Kolkata ကျောက်ချရပ်နားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

အိန္ဒိယရေတပ် (IN) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) တို့က ပြုလုပ်သည့် ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း ကမ်းဝေးပင်လယ်ပြင်မှ နိုင်ငံတကာ ဈေးကွက်တွင် အိန္ဒိယ ရူပီး ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၂၆၅ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ကြေညာချက်တစ်ရပ်၌ ဖော်ပြထားသည်။သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် အရည်အသွေးမြင့်မားသည့် ဆေးခြောက် ၅၂၉ ကီလိုဂရမ် ၊ အရည်အသွေး အသန့်စင်ဆုံး crystal Methamphetamine ၂၃၄ ကီလိုဂရမ် နှင့် ဘိန်းဖြူတစ်ချို့ ပါဝင်ကြောင်း သိရသည်။

ယင်းမှာ ကမ်းဝေးပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သော ပထမဆုံး စစ်ဆင်ရေးလည်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ကမ်းဝေးပင်လယ်ပြင်၌ မူးယစ်ဆေးဝါးများ တရားမဝင်ကုန်ကူးခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ခြင်းအား မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရေတပ်ထောက်လှမ်းရေးတပ်ဖွဲ့နှင့် အတူတကွ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပူးတွဲစစ်ဆင်ရေးအား ဦးတည်သွားစေကြောင်း သိရသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) ဌာနချုပ် အထူးတပ်ဖွဲ့သည် စုံစမ်းထောက်လှမ်းလုပ်ငန်း ဆောင်ရွက်ခြင်းများကဲ့သို့ လုပ်ငန်းဆောင်တာအမျိုးမျိုး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နှင့် ရေတပ် တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများအား ထပ်မံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

…………………………………………
(English Version)

Indian Navy, narcotics control unit seize large amount of narcotics in high seas

NEW DELHI, Feb. 12 (Xinhua) — Indian authorities have seized drugs worth 20 billion Indian Rupees (265 million U.S. dollars) in international market from the high seas, in a joint operation conducted by the Indian Navy (IN) and the Narcotics Control Bureau (NCB), an official statement said on Saturday.

The narcotics seized included 529 kilograms of very high quality of Hashish, 234 kilograms of finest quality of crystal Methamphetamine and some Heroin.

According to the statement, this is the “first such operation” in which the apprehension has been made in high seas.
The input regarding trafficking of drugs in high seas was developed by the NCB and was shared with the Naval Intelligence Unit, leading to the joint operation.

Special unit of NCB Headquarters has been continuously working on various such intelligence inputs and it will carry out more such operations in collaboration with naval forces, said the statement. ■
Photo – File Photo shows an Indian Naval ship (INS) Kolkata berths at the Naval Dockyard in Mumbai, India. Photo: Xinhua