Connect with us

Africa & Middle East

လစ်ဗျား အစိုးရ ဝန်ကြီးများ နုတ်ထွက်မှုကို အစိုးရ ငြင်းဆို

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ သတင်းစာရှင်းလင်းပွဲ၌ ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် အစိုးရလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုပြောကြားလျက် ဝန်ကြီးအချို့နုတ်ထွက်ကြောင်း သတင်းများကို အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်၌ ငြင်းဆိုခဲ့သည်။“အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးအချို့နုတ်ထွက်တဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ အချက်အလက်မှားအချို့ အပါအဝင် အထင်အမြင်လွဲပြီး မှားယွင်းတဲ့သတင်းတွေအများကြီးနဲ့ ရင်ဆိုင်နေရတယ်” ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ Mohammad Hamuda က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“ဝန်ကြီးတွေအားလုံးက ပုံမှန်အတိုင်းဆက်အလုပ်လုပ်နေကြပြီး သူတို့ရဲ့ ရုံးအသီးသီးမှာ ရှိနေကြပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။လွန်ခဲ့သောနှစ်ရက်က နိုင်ငံခြားရေးဝန်ကြီး Najla Mangoush အပါအဝင် အစိုးရအဖွဲ့ရှိ ဝန်ကြီးအချို့ နုတ်ထွက်သည့်အကြောင်း လူမှုမီဒီယာပေါ်၌ သတင်းထွက်ပေါ်လာခဲ့သည်။

အောက်လွှတ်တော် (ပါလီမန်) က Abdul-Hamid Dbeibah နေရာ၌ ပြည်ထဲရေးဝန်ကြီးဟောင်း Fathi Bashagha အား လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်က တစ်ခဲနက်ထောက်ခံမဲပေးခဲ့ကြသည်။

ဆန္ဒမဲပေးခြင်းပြီးနောက် Bashagha က ၎င်းအနေဖြင့် Dbeibah ၏ အစိုးရအနေဖြင့် အာဏာကို လွှဲပြောင်းခြင်းနှင့် ဒီမိုကရေစီနည်းလမ်းအတိုင်းလိုက်နာခြင်း ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် Dbeibah က ၎င်းတို့အစိုးရသည် ရွေးကောက်ပွဲ ကျင်းပသည့်တိုင်အောင် တာဝန်ဆက်လက်ယူထားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ခံအစိုးရကိုသာ လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။

လစ်ဗျားနိုင်ငံ ပါလီမန်က ယမန်နှစ် စက်တင်ဘာလက Dbeibah အစိုးရထံမှ ယုံကြည်မှု ရယူခဲ့ပြီး အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။အမျိုးသား ညီညွတ်ရေးအစိုးရက ကုလသမဂ္ဂ ထောက်ခံထားသော လစ်ဗျားနိုင်ငံရေး ဆွေးနွေးမှုဖိုရမ်ကို ယမန်နှစ် ဖေဖော်ဝါရီလက ခန့်အပ်ခဲ့ပြီး လစ်ဗျားနိုင်ငံအတွင်း နှစ်ပေါင်းများစွာကြာ နိုင်ငံရေးကွဲပြားမှုကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၌ ကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း နည်းပညာနှင့် ဥပဒေရေးရာကိစ္စရပ်များအကြား မပြတ်မသားဖြင့် ရွှေ့ဆိုင်းထားခဲ့ကြောင်း အဆင့်မြင့် အမျိုးသား ရွေးကောက်ပွဲကော်မရှင်အရ သိရသည်။ (Xinhua)

………………………………………………………………
(Chinese Version))

Libyan gov’t denies resignation of ministers

TRIPOLI, Feb. 12 (Xinhua) — The Libyan government on Saturday denied reports that some ministers have resigned, confirming that the government is working as normal.

“The Government of National Unity faces a series of misleading and fake news, including some fake documents on social media about the resignations of some ministers,” the government spokesman Mohammad Hamuda said in a statement.
“All of the ministers continue working as normal and are present in their respective offices,” the spokesman added.

Over the past two days, reports circulated on social media about the resignations of some ministers in the government, including Foreign Minister Najla Mangoush.

The House of Representatives (parliament) on Thursday unanimously voted for Fathi Bashagha, the former interior minister, as Libya’s new prime minister, replacing Abdul-Hamid Dbeibah.

After the vote, Bashagha said that he is “confident” that Dbeibah’s government will hand over power and adhere to the democratic path.

However, Dbeibah confirmed that his government will remain in office until elections are held, and he will hand over office only to an elected government.

The Libyan parliament withdrew confidence from Dbeibah’s government in September last year and kept it as a caretaker government.

The Government of National Unity was appointed by the UN-sponsored Libyan Political Dialogue Forum in February last year, ending years of political division in the North African country.

General elections in Libya had been scheduled for Dec. 24 last year, but were postponed indefinitely over technical and legal issues, according to the High National Elections Commission.■

Photo : Fathi Bashagha is seen at a press statement in Tripoli on Feb. 10, 2022. (Photo by Hamza Turkia/Xinhua)