Connect with us

Europe

အယ်လ်ဘေးနီးယားနိုင်ငံသားများ ယူကရိန်းနိုင်ငံမှ အမြန်ထွက်ခွာရန် တိုက်တွန်း

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ရှိ လမ်းမပေါ်တွင် လမ်းသွားလမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တီရာနာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ နယ်စပ်အနီးတွင် တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် အယ်လ်ဘေးနီးယား နိုင်ငံသားများအား ယူကရိန်းမှ အမြန်ဆုံး ထွက်ခွာကြရန် အယ်လ်ဘေးနီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (MEFA) က တောင်းဆိုလိုက်ကြောင်း သိရသည်။“အယ်လ်ဘေးနီးယားနိုင်ငံသားတွေအနေနဲ့ MEFA ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် သတင်းအချက်အလက် ရယူဖို့ အကြံပြုထားပါတယ်” ဟု ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး “ယူကရိန်းနယ်စပ်အနီးတွင် ဖြစ်ပေါ်ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်ရန်လည်း” ထည့်သွင်းဖော်ပြထားသည်။

ယူကရိန်းရှိ အယ်လ်ဘေးနီးယား နိုင်ငံသား အရေအတွက် အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။ထို့ပြင် အယ်လ်ဘေးနီးယားနိုင်ငံသားများကိုလည်း “အန္တရာယ်ကြုံတွေ့နိုင်ခြေများ မြင့်တက်နေသဖြင့် ယူကရိန်းနိုင်ငံသို့ ခရီးသွားရောက်ခြင်းမပြုကြရန်” ဝန်ကြီးဌာနက အကြံပြုထားသည်။

ဖေဖော်ဝါရီ ၁၁ ရက်ကလည်း မြောက်မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်း၏နိုင်ငံသားများကို ယူကရိန်းမှ ထွက်ခွာရန် တိုက်တွန်းပြောကြားခဲ့သည်။” ယူကရိန်းနိုင်ငံသို့ ခရီးသွားဖို့စီစဉ်ထားကြတဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံသားအားလုံးအနေနဲ့ အဲဒီနိုင်ငံကို ရှောင်ရှားဖို့ အကြံပြုထားပြီး အခြေအနေတွေ အခွင့်သင့်ရင် လက်ရှိ ယူကရိန်းမှာ နေထိုင်ကြတဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံသားအားလုံးလည်း နိုင်ငံတွင်းမှ အမြန်ဆုံးထွက်ခွာဖို့ အကြံပြုကြောင်း” ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

………………………………………………………………

(EnglishVersion))

Albania calls on nationals to leave Ukraine soon

Source: Xinhua| 2022-02-13 01:31:15|Editor: huaxia
TIRANA, Feb. 12 (Xinhua) — Albania’s Ministry of Europe and Foreign Affairs (MEFA) has called on Albanian nationals in Ukraine to leave the country “as soon as possible” amid escalating tensions near the Ukrainian border.

“Albanian nationals are advised to keep informed through communication channels of the MEFA,” the ministry said in a statement issued on Saturday, adding that it is “following closely the developments near the Ukrainian border.”
No details have been provided on the number of Albanians in Ukraine.

The ministry also advised Albanians not to travel to Ukraine due to a “credible danger of the escalation of the situation.”
On Friday, North Macedonia’s Ministry of Foreign Affairs also called on its nationals to leave Ukraine.

“All nationals of North Macedonia planning to visit Ukraine in the forthcoming period are advised to avoid traveling to the country and, if circumstances allow, all nationals of North Macedonia currently located in Ukraine are advised to leave the country as soon as possible,” read a press release from the ministry. ■

Photo : Pedestrians cross a street in Kiev, Ukraine, on Oct. 31, 2020. (Photo by Sergey Starostenko/Xinhua)