Connect with us

Eastern Europe

ရုရှားက ပင်လယ်နက်ဆိပ်ကမ်း လယ်ယာထွက်ကုန် တင်ပို့မှု သဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာ

ယူကရိန်းနိုင်ငံသည် အောက်တိုဘာ ၂၉ ရက် နံနက်အစောပိုင်းတွင် ပင်လယ်နက်ဆိပ်ကမ်း Sevastopol တွင် မောင်းသူမဲ့လေယာဉ်ဖြင့် ရုရှား ပင်လယ်နက်ရေတပ်အုပ်စုနှင့် အရပ်ဘက်သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ ယခုအကြိမ် တိုက်ခိုက်မှု၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို မီကိုလိုက်ဖ်ပြည်နယ်ရှိ ယူကရိန်းစစ်တပ်က ဗြိတိန်ရေတပ်သား၏ လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
俄称船只遇袭 暂停执行黑海港口农产品外运协议
俄国防部发言人科纳申科夫29日说,当天早些时候乌克兰使用无人机在黑海港口塞瓦斯托波尔对俄黑海舰队和民用船只发动恐怖袭击,俄方掌握的信息显示,此次恐袭的准备工作是乌军在位于尼古拉耶夫州的英国海军人员指导下进行的。