Connect with us

Asia

ဂျပန်နိုင်ငံတွင် နေအိမ်၌ပြင် ပြန်လည်သက်သာလာသော ကိုဗစ်-၁၉ လူနာအရေအတွက်မှာ ပထမဆုံးအကြိမ် ၅၀၀,၀၀၀ အထိရောက်ရှိလာ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လမ်းမတစ်နေရာတွင် လမ်းဖြတ်ကူးနေသူများအား ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် မကြာသေးမီက ကူးစက်မြန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) ကူးစက်မှု မြင့်တက်ခြင်းနှင့် နိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား စဉ်ဆက်မပြတ်အလေးထား ဆောင်ရွက်နေသည့်ကြားမှ နေအိမ်၌ပင်နေထိုင်လျက် ပြန်လည်ကျန်းမာလာသူ ကိုဗစ်-၁၉ (COVID-19) လူနာအရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် ၅၀၀,၀၀၀ အထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။နေအိမ်တွင်ပင် နေထိုင်လျက် ကိုဗစ်-၁၉ ရောဂါ မှ ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၅၄၃,၀၄၅ ရှိပြီး ယခင်ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက အရေအတွက် ၁၀၀,၀၀၀ မြင့်တက်လာခြင်းဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၉ ရက် စာရင်းအရ သိရသည်။

ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများအတွက် ကုတင်ပြတ်လပ်ခြင်းကြောင့် ကျန်းမာရေးစနစ်အပေါ် ဖိအားမြင့်တက်လာခြင်းနှင့် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်မှာလည်း အစောပိုင်အဆင့်၌သာရှိနေသေးခြင်းများကြောင့် ရောဂါလက္ခဏာပျော့သူများကို နေအိမ်၌ပင် နေထိုင်ကြရန် အာဏာပိုင်များက ပြောကြားထားခဲ့သည်။

တိုကျိုမြို့တွင် ရောဂါကူးစက်မှုအသစ် ၁၀,၃၃၄ ရှိကြောင်း အတည်ပြုခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်၌ နိုင်ငံအတွင်း ရောဂါကူးစက်မှုစုစုပေါင်းမှာ ၆၀,၁၄၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အိုဆာကာ အနောက်ပိုင်းစီရင်စုတွင်မူ ဖေဖော်ဝါရီ ၁၄ ရက်က ရောဂါကူးစက်မှုအသစ် ၇,၉၉၇ ဦးရှိခဲ့သဖြင့် လွန်ခဲ့သည့်တစ်ပတ်ကရှိခဲ့သောအရေအတွက် ၉,၀၀၈ ဦးအောက်ကျဆင်းသွားခဲ့သည်။

ကူးစက်မှု ဆဋ္ဌမလှိုင်းကြားမှ တိုကျိုအပါအဝင် ဂျပန်နိုင်ငံတစ်ဝန်းရှိ စီရင်စု ၂၀ ၌ ကိုဗစ်-၁၉ လူနာများအတွက် ဆေးရုံကုတင်များ လက်ခံနိုင်မှုနှုန်းသည် ဖေဖော်ဝါရီ ၁၄ ရက်အထိ ၅၀ ရာခိုင်နှုန်းကျော် ရှိနေပြီး အိုဆာကာတွင်မူ ကုတင်အသုံးပြုနိုင်မှုမှာ ၈၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။

အိုဆာကာစီရင်စုတွင် ရောဂါပြင်းထန်သော COVID-19 လူနာများအတွက် ဆေးရုံကုတင်လက်ခံနိုင်မှုနှုန်းသည် ဖေဖော်ဝါရီ ၁၃ ရက်အထိ ၃၆.၃ ရာခိုင်နှုန်းရှိပြီး၊ ယင်းပမာဏမှာ အရေးပေါ်အခြေအနေကြေညာရန် စီရင်စုအတွက် တောင်းဆိုထားချက်ဖြစ်သော ၄၀ ရာခိုင်နှုန်းနှင့် နီးစပ်မှုရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့မှု အရှိန်နှေးကွေးသွားသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် အရေအတွက် မြင့်မားနေခြင်း သို့မဟုတ် အနည်းငယ်သာ ကျဆင်းခြင်း ရှိနေသေးကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်း ကိုဗစ်-၁၉ ရောဂါ အကြံပေး Shigeru Omi က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Japan’s COVID-19 patients recuperating at home surpass 500,000 for 1st time

Source: Xinhua| 2022-02-15 00:09:45|Editor: huaxia
TOKYO, Feb. 14 (Xinhua) — The number of COVID-19 patients recovering at home in Japan has topped 500,000 for the first time amid the recent surging infections due to the highly transmissible Omicron variant and continuous strain on the health care system across the country, the health ministry said Monday.

The number of people recuperating from COVID-19 at home stood at 543,045 as of last Wednesday, up 100,000 compared to a week earlier, according to the Ministry of Health, Labor and Welfare.

Authorities have been asking those with mild symptoms to stay at home for recuperation as high pressure on the medical system fuels concerns that hospitals may run out of beds for COVID-19 patients while Japan’s booster shot program is still at an early stage.

The country logged 60,142 new infection cases on Monday, with Tokyo confirming 10,334 new cases.
The western prefecture of Osaka reported 7,997 new cases on Monday, down from 9,008 a week ago.

Amid the sixth wave of infections in the country, the occupancy rate of hospital beds for COVID-19 patients was above 50 percent as of last Wednesday in 20 prefectures across Japan including Tokyo, with Osaka topping the list with 81 percent of beds in use.

Osaka’s occupancy rate of hospital beds secured for serious COVID-19 patients stood at 36.3 percent as of Sunday, which is close to the 40-percent threshold for the prefecture to request a state of emergency declaration.

Shigeru Omi, the Japanese government’s top COVID-19 adviser, has said that the speed of the infection expansion across the country is slowing down but the number of new COVID-19 cases may stay high or decline only mildly. ■

Photo : Pedestrians walk across a street in Tokyo, Japan on July 8, 2021. The Japanese government decided Thursday to put capital Tokyo under the fourth state of emergency over COVID-19, covering the duration of the Olympics, in an effort to curb a recent surge in infections. (Photo by Christopher Jue/Xinhua)