Connect with us

Europe

ယူကရိန်းတွင် “No-fly Zone” နေတိုးအဖွဲ့ အဘယ်ကြောင့် မသတ်မှတ်လိုသလဲ

ယူကရိန်းသမ္မတ ဇယ်လန်းစကီး အမှာစကားပြောကြားနေသည့် ရုပ်သံမြင်ကွင်းအား ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် “No-fly Zone” သတ်မှတ်ပေးရန် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁ ရက်တွင် ထပ်မံ တိုက်တွန်းခဲ့သည်။ သို့သော်လည်း ရက်ပေါင်းဆက်တိုက် အင်တိုက်အားတိုက် ယူကရိန်းကို ထောက်ခံအားပေးကြသည့် မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(နေတိုးအဖွဲ့) အဆင့်မြင့်ခေါင်းဆောင်များသော်လည်းကောင်း၊ ရုရှားအား ခပ်ကြမ်းကြမ်းပြောဆိုထားသည့် အမေရိကန်၊ ဗြိတိန် ခေါင်းဆောင်များသော်လည်းကောင်ယင်းအဆိုပြုချက်ကို တူညီစွာ ငြင်းပယ်ခဲ့သည်။

“No-fly Zone”ဟူသည် အဘယ်နည်း

မပျံသန်းရဇုန် “No-fly Zone” (NFZ) ကို လေကြောင်းတားမြစ်ဇုန် (AEZ) ဟုလည်း ခေါ်ဆိုရာ အထူးလျှောက်ထားချက်ခွင့်ပြုချက်မရှိသော မည်သည့် လေယာဉ်ကိုမဆို ပျံသန်းဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းမပြုသည့် လေပိုင်နက်ကို ရည်ညွှန်းခြင်းဖြစ်ပြီး အဓိကအားဖြင့် ပုံစံ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံသည် အထူးအခြေအနေ ၊ အထူးအချိန်အပိုင်းအခြားတွင် ၎င်း၏ လေပိုင်နက် အထူးသတ်မှတ်နေရာတွင် လေယာဉ်ပျံသန်းမှုကို ကန့်သတ် ထိန်းချုပ်ခြင်းဖြစ်ရာ ယင်းကဲ့သို့ မပျံသန်းရဇုန်ထားရှိမှုသည် အချုပ်အခြာအာဏာပိုင်နိုင်ငံမှအပ်နှင်းသည့် အာဏာဖြစ်သည်။ နောက်တစ်မျိုးမှာမူ ပဋိပက္ခဖြစ်ပွားရာ အခြေအနေမျိုးတွင် နိုင်ငံ၊ အဖွဲ့အစည်း တစ်ခု သို့မဟုတ် အချို့က ပဋိပက္ခဖြစ်ပွားရာ ဒေသ၌ အထူးကန့်သတ်ထားသည့်လေပိုင်နက်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားသည့်သက်ဆိုင်ရာ၏ လေယာဉ်သည် ထိန်းချုပ်လေပိုင်နက်အတွင်း ပျံသန်းမှုအား ကန့်သတ်ထားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မပျံသန်းရဇုန်သတ်မှတ်ခြင်းသည် ကုလသမဂ္ဂစသည့် နိုင်ငံတကာအဖွဲ့အစည်း၏ အခွင့်အာဏာပေးမှုရှိမှသာ တရားဝင်မှုရှိခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၂၀၁၁ ခုနှစ် မတ် ၁၇ ရက်က လုံခြုံရေးကောင်စီအဖွဲ့ဝင်များ လစ်ဗျား၌ မပျံသန်းရဇုန် သတ်မှတ်ရေးဆုံးဖြတ်ချက်ကို မဲပေးနေစဉ်(ဆင်ဟွာ)

၂၀၁၁ ခုနှစ် မတ်လက လစ်ဗျားနိုင်ငံ ပြည်တွင်းစစ်ကာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဆိုပြုချက်ကို အတည်ပြုကာ လစ်ဗျား၌ မပျံသန်းရဇုန် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၉၃ ခုနှစ် မတ်လက ဘော့စနီးယား စစ်ပွဲကာလတွင် လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် ဒေသအဖွဲ့အစည်းများကို စစ်ရေးနည်းလမ်းအပါအဝင် လိုအပ်သည့် လုပ်ဆောင်ချက်များကို ဖော်ဆောင်ခွင့်ပြုခဲ့ပြီး ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားတွင် မပျံသန်းရဇုန်အတည်ပြုချက်ကို တင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ထို့အပြင် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲအပြီးတွင်လည်း အမေရိကန်၊ ဗြိတိန် စသည့်နိုင်ငံများက အရှေ့အလယ်ပိုင်းဒေသ၌ ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် အီရတ်တွင် တောင်-မြောက်မပျံသန်းရဇုန် နှစ်ခု သတ်မှတ်ခဲ့သော်လည်း ကုလသမဂ္ဂ၏ တိုက်ရိုက် အခွင့်အာဏာပေးမှုကို မရရှိခဲ့ကြောင်း သိရသည်။

“No-fly Zone” ၏ အခန်းကဏ္ဍ မည်သို့ ရှိသလဲ

သုံးသပ်သူအချို့က တချို့အခြေအနေမျိုး၌ မပျံသန်းရဇုန်သည် လက်တွေ့ဆောင်ရွက်ရာတွင် နိုင်ငံတကာ စွက်ဖက်မှု ပုံစံသစ်တစ်မျိုးဖြစ်ပြီး အချို့နိုင်ငံ သို့မဟုတ် စစ်ရေးအစုအဖွဲ့များ အကန့်အသတ်ရှိသော စစ်ရေးတိုက်ခိုက်မှုဖြင့် ရည်မှန်းချက်ကို စွက်ဖက်အကောင်အထည်ဖော်ရန် ၊အာဏာအပြောင်းအလဲဖြစ်ရန် တွန်အားပြုရာတွင် အလျဉ်းသင့်စေကြောင်း ထောက်ပြသည်။

လစ်ဗျား မပျံသန်းရဇုန် ဥပမာကို ကြည့်မည်ဆိုလျှင် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် စသည့် နိုင်ငံများက လစ်ဗျားအစိုးရတပ်ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး လစ်ဗျား အတိုက်အခံလက်နက်ကိုင်များကို ထောက်ခံခဲ့သည်။ ထို့နောက် နေတိုးအဖွဲ့က လစ်ဗျား၏စစ်ရေးလှုပ်ရှားမှု ကွပ်ကဲရေးအာဏာကို လွှဲပြောင်းယူခဲ့ရာ မူလ အန္တရာယ်များနေသည့် လစ်ဗျားအတိုက်အခံလက်နက်ကိုင်များအတွက် စစ်ပွဲအခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့ပြီး ကဒါဖီအစိုးရကို တွန်းလှန်နိုင်ခဲ့သည်။

အမေရိကန်-ရုရှား စစ်ဘက်ဆိုင်ရာထိန်းချုပ်ရေးဆွေးနွေးပွဲသို့ တက်ရောက်သော ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ryabkov အား ၂၀၂၀ပြည့်နှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လုံခြုံရေးကောင်စီ၏ လစ်ဗျားဆိုင်ရာ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် မပျံသန်းရဇုန်၏ အနက်အဓိပ္ပါယ်ကို နေတိုးအဖွဲ့ဝင်နိုင်ငံများက ပြောင်းလဲခဲ့ပြီး လက်တွေ့၌ လစ်ဗျားပြည်တွင်း ပဋိပက္ခတွင် တစ်ဖက်၏ စစ်ရေးလှုပ်ရှားမှုကို ကူညီဖြစ်စေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ryabkovက ထောက်ပြပြောဆိုခဲ့သည်။
ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားတွင် မပျံသန်းရဇုန်သတ်မှတ်ပြီးနောက် နေတိုးအဖွဲ့ဝင်နိုင်ငံများက ဘော့စနီးယားနှင့် ဟာဇီဂိုဗီနား မြေပြင်လက်နက်ကိုင်တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်ကာ ဆာ့ပ်စ်လက်နက်ကိုင် တိုက်လေယာဉ်အား ပစ်ချခဲ့ပြီး အမေရိကန် အဆိုပြုသည့် အပစ်အခတ်ရပ်စဲရေးနည်းလမ်းကို ဆာ့ပ်စ်လူမျိုးများက မဖြစ်မနေလက်ခံခဲ့ရသည်။ အမေရိကန်၊ ဗြိတိန်တို့က အီရတ်တွင် မပျံသန်းရဇုန်သတ်မှတ်ပြီးနောက် ဆက်ဒမ်ဟူစိန်အစိုးရနှင့် မပျံသန်းရဇုန်အတွင်း ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ အမေရိကန်၊ ဗြိတိန်တို့က မပျံသန်းရဇုန်အတွင်း စစ်ဘက်နှင့်အရပ်ဘက်ပစ်မှတ်များကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အီရတ်အရပ်သား သေဆုံးဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သည်။

နေတိုးအဖွဲ့ အဘယ်ကြောင့် ငြင်းပယ်ခဲ့ရသလဲ

အဆိုပါ ဥပမာများတွင် မပျံသန်းရဇုန်ထားရှိသည့် နိုင်ငံ သို့မဟုတ် စစ်ရေးအစုအဖွဲ့များက ပြည်တွင်းပဋိပက္ခဖြစ်ပွားရာ အားနည်းသည့်ဘက်ကို ထောက်ခံပြီး တစ်ဖက်အား လေကြောင်းတိုက်ခိုက်မှုအသာစီးယူခြင်းဖြစ်သည်။ သို့သော် ယူကရိန်းပဋိပက္ခ၏အခြေအနေကမူ ယင်းအခြေအနေများနှင့်ကွဲပြားမှု ရှိသည်။ ရုရှားသည် အမေရိကန်ပြီးလျှင် ကမ္ဘာတွင် လေတပ်အင်အား ဒုတိယအကြီးဆုံးဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းတွင် မပျံသန်းရဇုန် သတ်မှတ်ရန် ရွေးချယ်မှုကို လုံးဝဆွေးနွေးမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ သမ္မတ ဘိုင်ဒန်က ယူကရိန်းတွင် အမေရိကန်တပ်များက ရုရှားနှင့်တိုက်ခိုက်မည် မဟုတ်ဟု ပြောကြားခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J. Austin က မတ် ၂ ရက် NBC ၏တွေ့ဆုံမေးမြန်မှု၌ ပြောကြားခဲ့သည်။ မပျံသန်းရဇုန်ထားရှိခြင်းက ရုရှားတိုက်လေယာဉ်များနှင့် ပဋိပက္ခဖြစ်စေမည် ဖြစ်ရာ “ဒါက ကျွန်တော်တို့ကို ရုရှားနဲ့တိုက်ရိုက်စစ်ဖြစ်မယ့်အနေအထား ဖြစ်စေလိမ့်မယ်” ဟု ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “ကျွန်တော်တို့က ယူကရိန်းမှာ ရုရှားနဲ့ စစ်ဖြစ်မှာမဟုတ်ပါဘူး” ၊ နေတိုးအဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအတွင်း စစ်တပ်များ ထပ်တိုးချသွားမည်ဖြစ်ကြောင်း မတ် ၁ ရက်က ပြောကြားခဲ့သည်။ ယူကရိန်းတွင် မပျံသန်းရဇုန် သတ်မှတ်ရန်မှာ လက်ရှိတွင် လက်တွေ့မကျကြောင်းနှင့် နေတိုး၏ထည့်သွင်းစဉ်းစားမှု၌လည်း မပါဝင်ကြောင်း ၎င်းက ဆိုသည်။

နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg အား ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်ရှိ နေတိုးရုံးချုပ် ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအဖွဲ့သည် ရုရှားနှင့်ထိပ်တိုက်ပဋိပက္ခဖြစ်မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ နေတိုးအဖွဲ့သည် ယူကရိန်းအခြေအနေကို ထိန်းချုပ်နိုင်သည့်အတိုင်းအတာအတွင်း တာဝန်ယူမည်ဖြစ်ပြီး နေတိုးပါဝင်သည့် ဥရောပတစ်လွှားစစ်ပွဲအဖြစ် မြင့်တက်လာမှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန် “”Defense One” ဝက်ဘ်ဆိုက် သတင်းများအရ အမေရိကန်-ရုရှား နှစ်နိုင်ငံ အတိအလင်းစစ်ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့် ၂၀၁၆ ခုနှစ်တွင် ဆီးရီယား အတိုက်အခံလက်နက်ကိုင်ထိန်းချုပ်နယ်မြေ မပျံသန်းရဇုန်သတ်မှတ်မှုကို စွန့်လွှတ်ရန် အမေရိကန်က ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

———————————
(Chinese Version)

(乌克兰局势)热点问答:北约为何不愿在乌克兰设禁飞区

2022-03-03 17:47:54 分类: 军事
新华社北京3月3日电热点问答:北约为何不愿在乌克兰设禁飞区

新华社记者胡若愚
乌克兰总统泽连斯基1日再度呼吁在乌克兰设立禁飞区。只是,连日来,无论誓言大力支持乌克兰的北大西洋公约组织高层,还是对俄罗斯放出狠话的美国、英国领导人,都异口同声地拒绝这一提议。
(小标题)何为禁飞区

禁飞区又称禁航区,指禁止任何未经特别申请许可的飞行器飞入或飞越的空域,主要有两种形式。一种是主权国家在特殊情况下、在特殊时段对其领空范围内特定空域采取的限制飞行的管制措施,这种禁飞区的建立是国家主权所赋予的权力;另一种是在发生冲突的情况下,某个或某些国家或组织在冲突地域划定的特殊限制空域,限制冲突相关方的飞行器在管制空域内的飞行活动,只有在联合国等国际组织授权的前提下,建立这种禁飞区才具有合法性。

2011年3月,利比亚内战期间,联合国安理会通过决议,决定在利比亚设立禁飞区。1993年3月,波黑战争期间,安理会通过决议,授权会员国或地区组织采取包括军事手段在内的一切必要措施,强制执行安理会此前通过的波黑禁飞区决议。此外,1991年海湾战争结束后,美、英等国为维护其在中东的战略利益,曾先后在伊拉克划设南北两个禁飞区,但没有得到联合国直接授权。
(小标题)禁飞区起何作用

分析指出,在某些情况下,禁飞区在具体实践中变异为国际干涉的一种新形式,便于某些国家或军事集团以有限的军事打击实现干涉目标,甚至促成政权更迭。

以利比亚禁飞区为例,法、英、美等国一面对利比亚政府军实施空中打击,一面扶植利比亚反对派武装。北约随后接管对利军事行动指挥权。原本形势岌岌可危的利反对派武装得以扭转战局,最终推翻卡扎菲政权。
俄罗斯副外长里亚布科夫曾指出,在落实安理会利比亚相关决议过程中,禁飞区概念遭北约国家完全歪曲,事实上成为协助利比亚国内冲突一方的军事行动。
波黑禁飞区设立后,北约空袭波黑塞族武装地面部队,击落塞族武装战机,迫使塞族接受美国提出的苛刻停火方案。美、英在伊拉克设立禁飞区后,与萨达姆政权在禁飞区内冲突不断。美、英常以各种借口轰炸禁飞区内的军事和民用目标,造成大量伊拉克平民伤亡。
(小标题)北约为何拒绝
上述事例中,设立禁飞区的国家或军事集团支持国内冲突弱势一方,对空中打击对象占据军事上的绝对优势。然而,乌克兰冲突情况不同。俄罗斯拥有世界第二大空军力量,仅次于美国。
美国国防部明确表示,根本不会讨论在乌克兰设立禁飞区这一选项。美国国防部长奥斯汀2日接受美国全国广播公司电视台采访时说,总统拜登已经表明美军不会在乌克兰与俄罗斯作战。建立禁飞区势必会导致与俄罗斯战机的冲突,“那将使我们面临与俄罗斯开战的局面”。
英国首相约翰逊1日说,“我们不会与俄罗斯在乌克兰开战”,北约增援部队将驻扎在北约成员国境内。有关在乌克兰设立禁飞区的想法目前不现实,也不在北约考虑范围之内。
北约秘书长斯托尔滕贝格重申,北约不会与俄罗斯发生冲突。按照他的说法,北约有责任把乌克兰局势保持在可控范围内,“避免升级为北约盟友参与的整个欧洲的战争”。
据美国“防务一号”网站报道,正是由于担心引发美、俄两国公开交战,美方2016年决定放弃在叙利亚反对派武装控制区设立禁飞区。(参与记者:郭春菊)(完)
图说1:这是2月25日在乌克兰基辅拍摄的乌总统泽连斯基发表讲话的视频画面。(新华社发,波多普列洛娃·娜佳摄)
图说2: 2011年3月17日,在美国纽约联合国总部,部分安理会理事国代表举手投赞成票。当日,联合国安理会通过决议,决定在利比亚设立禁飞区。(新华社记者申宏摄)
图说3:2020年6月22日,俄罗斯副外长谢尔盖·里亚布科夫抵达位于奥地利维也纳的下奥地利宫参加美俄新一轮军控对话。(新华社发,乔治斯·施耐德摄)
图说4:  2月24日,北约秘书长斯托尔滕贝格在比利时布鲁塞尔的北约总部出席记者会。(新华社记者郑焕松摄)