China
တရုတ်နိုင်ငံ၌ ပျက်ကျသွားသော လေယာဉ်ပေါ်လိုက်ပါသူ ၁၃၂ ဦးစလုံး သေဆုံး
နန်နင်း ၊ မတ် ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက်တွင် ပျက်ကျသွားခဲ့သည့် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း၏ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၃၂ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
မတ် ၂၁ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် MU5735 လေယာဉ်မတော်တဆမှုအတွက် အမျိုးသားအရေးပေါ်တုန့်ပြန်ရေးဌာနချုပ်က ထိုသို့လိုက်ပါသူအားလုံးသေဆုံးကြောင်းကို ၆ ရက်ကြာ အစွမ်းကုန်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် မတ် ၂၆ ရက် ညနှောင်းပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
“မတ် ၂၁ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် MU5735 လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ လေယာဉ်အမှုထမ်း ၉ ဦး နဲ့ ခရီးသည် ၁၂၃ ဦး အားလုံး သေဆုံးသွားပြီ ဆိုတာကို အလွန်ဝမ်းနည်းကြေကွဲစွာနဲ့ ပဲ အသိပေးကြေညာအပ်ပါတယ်။” ဟု တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယခေါင်းဆောင် နှင့် ဌာနချုပ်၏ ဒုတိယအုပ်ချုပ်သူအရာရှိ Hu Zhenjiang က ပြောကြားခဲ့သည်။
နိုင်ငံတော်ကောင်စီ နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတို့က ထုတ်ပြန်သော သတ်မှတ် ပြဌာန်းချက်များအရ ပြီးခဲ့သော ၆ ရက်ဆက်တိုက် လေယာဉ်ပျက်ကျသည့်နေရာ၌ ကြီးမားသောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မီးသတ်သမားများ ၊ တပ်မတော်သားများ ၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့လုံခြုံရေး ၊ ကျန်းမာရေး နှင့် Quarantine အပါအဝင် ဌာနအသီးသီးမှ အမှုထမ်းများဖြင့် ရှာဖွေကယ်ဆယ်ရေးပင်မဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စောင့်ကြည့်စစ်ဆေးမှတ်တမ်းတင်သည့် ပစ္စည်းကိရိယာအမျိုးမျိုးဖြင့် ရုပ်သံအကြောင်းအရာများကို ကျွမ်းကျင်သူများ၏ စိစစ်တွေ့ရှိချက်များနှင့်အတူ လေကြောင်းသွားလာမှု ထိန်းချုပ်ရေးရေဒါ ကဲ့သို့သော ပစ္စည်းများတွင် မှတ်တမ်းတင်ထားသည့် အဓိက အချက်အလက်များ နှင့် အထူးသဖြင့် လေယာဉ်ပျက်ကျရာနေရာရှိ ပျံ့နှံ့နေသော အပျက်အစီးများအား ကြည့်ပါက လေယာဉ်ပျက်ကျရာနေရာ၌ အသက်ရှင်ကျန်ရစ်သည့် လက္ခဏာများ မတွေ့ရှိသည်ကို ဆုံးဖြတ်နိုင်သည်ဟု Hu Zhenjiang က ပြောကြားခဲ့သည်။
ယခုအချိန်ထိ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၁၂၀ ဦး၏ အထောက်အထားများအား DNA စစ်ဆေးခြင်းမှတစ်ဆင့် အတည်ပြုထားကြောင်း သိရသည်။
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်၏ မြို့တော် ကွမ်ကျိုးမြို့သို့ ဦးတည်၍ နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ ထွက်ခွာလာသည့် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း ဘိုးရင်း 737 လေယာဉ်သည် မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင် ကွမ်ရှီးဒေသ ထိန်ရှန့်ခရိုင်အတွင်း တောင်ထူထပ်သောဧရိယာအတွင်းသို့ ပျက်ကျခဲ့ကြောင်း သိရသည်။
နောက်တစ်ဆင့်အနေဖြင့် စုံစမ်းစစ်ဆေးခြင်းနှင့် သက်သေစုဆောင်းခြင်းများ ဆက်လက် ပြုလုပ်ရေးအတွက် အားကောင်းသော ပံ့ပိုးမှုများ ထောက်ပံ့ပေးရန် လေယာဉ်၏ အပျက်အစီးများ နှင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများအား ရှာဖွေရန် ကြိုးပမ်းအားထုတ်မှုများ ပိုမို ပြုလုပ်သွားမည် ဖြစ်ကြောင်း Hu Zhenjiang က ပြောကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက နောက်ဆက်တွဲကိစ္စရပ်များအား စနစ်တကျကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ကတိပြုခဲ့သည်။”မတော်တဆဖြစ်စဉ်ကြောင့် အလွန်စိတ်မကောင်း ဝမ်းနည်းမိပါတယ်။လူ ၁၃၂ ဦး အသက်ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းကြေကွဲရပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေအတွက် အလွန်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲတယ်ဆိုတာ ပြောလိုပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများအားလုံးသည် လေယာဉ်မတော်တဆဖြစ်စဉ်တွင် သေဆုံးမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ် မတ်တပ်ရပ်အသံတိတ်နေခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ဝမ်းနည်းပူဆွေး ဖြစ်ရပါတယ်။ ရက်တော်တော်ကြာအောင် လေယာဉ်ပျက်ကျတဲ့နေရာနဲ့ တောင်ကုန်းထူထပ်တဲ့နေရာတစ်ဝိုက်မှာ ကျွန်တော်တို့ ရှာဖွေနေကြပြီးတော့ အံဩစရာတစ်ခုကို မျှော်လင့်နေပါတယ်။”ဟု Guilin မြို့ရှိ မီးသတ်အဖွဲ့၏ ခေါင်းဆောင် Li Shaolin က ပြောကြားခဲ့သည်။
အပျက်အစီးအပိုင်းအစများစွာအပြင် ကယ်ဆယ်ရေးသမားများသည် လေယာဉ်မှူးအခန်း အသံဖမ်းစက်ဟု ယူဆရသည့် Black Box တစ်လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး ပျံသန်းမှုအချက်အလက်များအား မှတ်တမ်းတင်သည့် ဒုတိယ Black Box အား ရှာဖွေနေဆဲ ဖြစ်သည်။ ပြန်လည်တွေ့ရှိခဲ့သည့် Black Box ၏ အချက်အလက်များ လွှဲပြောင်းယူခြင်း နှင့် စိစစ်မှုများသည် ဆောင်ရွက်လျက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေးတာဝန်ရှိသူများ၏ ရူပဗေဒ နှင့် ဓာတုဗေဒ ဓာတ်ခွဲခန်းတစ်ခုသည် ပျက်ကျမှုဖြစ်ပွားရာနေရာမှ ဓာတ်ခွဲနမူနာ ၆၆ ခုအနက် ၄၁ ခုအား စစ်ဆေးခဲ့ပြီး အသုံးများသော inorganic သို့မဟုတ် organic ပေါက်ကွဲတတ်သော ပစ္စည်းအရာဝတ္ထု၏ အဓိက အိုင်ယွန်အစိတ်အပိုင်းများ မတွေ့ရှိရကြောင်း မတ် ၂၆ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကွမ်ရှီးဒေသ မီးသတ်တပ်ဖွဲ့၏ ခေါင်းဆောင် Zheng Xi က ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုများတွင် လူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ဒရုန်းများ နှင့် အခြားပစ္စည်းကိရိယာများအား ရှာဖွေကယ်ဆယ်မှုများအတွင်း အသုံးပြုခဲ့ကြောင်းလည်း သိရသည်။ (Xinhua)
……………………………………
(English Version)
All 132 people on board China’s crashed plane dead
NANNING, March 26 (Xinhua) — All 132 people on board China Eastern Airlines’ plane that crashed Monday in south China’s Guangxi Zhuang Autonomous Region were dead, an official announced Saturday.
The national emergency response headquarters for the China Eastern Airlines Flight MU5735 aircraft accident on March 21 made the announcement at a press conference late night on Saturday after six days of all-out search and rescue efforts.
“It is with great sadness that we here announce that the 123 passengers and nine crew members on board China Eastern Airlines Flight MU5735 on March 21 have all died,” Hu Zhenjiang, deputy commander of the headquarters and deputy head of the Civil Aviation Administration of China.
According to the requirements made by the Communist Party of China Central Committee and the State Council, the headquarters has organized personnel from multiple departments, including fire fighters, soldiers, armed police, public security, health and quarantine, to carry out massive research at the crash site for the past six consecutive days, he said.
Together with experts’ analysis of video contents in various monitoring and recording equipments, the key data recorded by facilities such as the air traffic control radar, and particularly the wreckage distribution at the crash site, it can be determined that there have been no signs of life at the crash site, Hu said.
So far, identities of 120 victims of the plane crash have been confirmed through DNA testing.
The China Eastern Airlines Boeing 737 aircraft, which departed from Kunming, capital of southwest China’s Yunnan Province and was bound for Guangzhou, capital of Guangdong Province, crashed into a mountainous area in Tengxian County, Guangxi at around 2:38 p.m. Monday.
In the next step, more efforts will be made to search for the remains of the victims and the wreckage of the plane to provide strong support for the following investigation and evidence collection, Hu said.
The official also pledged efforts to properly handle the aftermath. “We are deeply saddened by the accident. We mourn the loss of 132 lives and express our deep sympathy to the bereaved families.”
All attendees of the press conference stood in silent tribute to the dead in the plane accident.
“Our hearts are heavy. We have been searching the place where the plane crashed and the surrounding hilly areas for days, expecting a miracle,” Li Shaolin, head of a firefighting team in Guilin City.
Besides a number of wreckage pieces, rescuers have recovered one black box — believed to be the cockpit voice recorder — and are still searching for the second black box, or the flight-data recorder. The data downloading and analysis work of the recovered black box is underway.
A physics and chemistry laboratory of the public security authorities has tested 41 samples out of 66 from the crash site and found no major ion components of common inorganic or organic explosives, said Zheng Xi, head of the fire brigade of the Guangxi region at a press briefing on Saturday afternoon.
Several thousand people have joined the search and rescue efforts. Drones and other equipments were also used in the operation. ■
Photo – Rescuers conduct search and rescue work at the core site of a recent plane crash in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 26, 2022. (Xinhua/Lu Boan)