Connect with us

China

တရုတ်နိုင်ငံ၌ ပျက်ကျသွားသောလေယာဉ်၏ ဒုတိယ Black Box ပြန်လည်တွေ့ရှိ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင်အတွင်း မကြာသေးမီက လေယာဉ်ပျက်ကျခဲ့သည့် အဓိကနေရာ၌ ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေသည်ကို မတ် ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ မတ် ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက်တွင် ပျက်ကျသွားခဲ့သည့် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်၏ ဒုတိယ Black Box(ပျံသန်းမှုခရီးစဉ် အသေးစိတ် အကြောင်းအရာအလိုအလျောက် မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ)အား မတ် ၂၇ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အမျိုးသားအရေးပေါ်တုန့်ပြန်ရေးဌာနချုပ်ထံမှ သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင်အတွင်း မကြာသေးမီက လေယာဉ်ပျက်ကျခဲ့သည့် အဓိကနေရာ၌ ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေသည်ကို မတ် ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်၏ မြို့တော် ကွမ်ကျိုးမြို့သို့ ဦးတည်၍ နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းမြို့မှ ထွက်ခွာလာသည့် ဘိုးရင်း ၇၃၇ လေယာဉ်သည် မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်ဝန်းကျင်တွင် ကွမ်ရှီးဒေသ ထိန်ရှန့်ခရိုင်အတွင်း တောင်ထူထပ်သောဧရိယာအတွင်းသို့ ပျက်ကျသွားခဲ့သည်။လေယာဉ်ပေါ်တွင် လိုက်ပါသူ ၁၃၂ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဌာနချုပ်ထံမှ သိရသည်။

လေယာဉ်မှူးခန်းအသံမှတ်တမ်းတင်စက်ဟု ယူဆရသည့် လေယာဉ်၏ ပထမ Black Box အား မတ် ၂၃ ရက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ ပထမ Black Box ၏ အချက်အလက်များ လွှဲပြောင်းယူခြင်း နှင့် စိစစ်မှုများသည် ဆောင်ရွက်လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
1st LD: Second black box of crashed China plane recovered

NANNING, March 27 (Xinhua) — The second black box of the China Eastern Airlines’ plane that crashed Monday in south China’s Guangxi Zhuang Autonomous Region was recovered Sunday, according to the national emergency response headquarters for the accident.
The Boeing 737 aircraft, which departed from Kunming, capital of southwest China’s Yunnan Province, and was bound for Guangzhou, capital of Guangdong Province, crashed into a mountainous area in Tengxian County, Guangxi, at around 2:38 p.m. Monday. All 132 people on board the plane were dead, according to the headquarters.
The first black box of the plane, believed to be the cockpit voice recorder, was recovered on Wednesday. The data downloading and analysis work of the first black box is underway. Enditem
Photo 1 – Rescuers conduct search and rescue work at the core site of the plane crash in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 25, 2022. (Xinhua/Lu Boan)
Photo 2 – Rescuers conduct search and rescue work at the core site of the plane crash in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 25, 2022. (Xinhua/Zhou Hua)