Connect with us

Eastern Europe

ယူကရိန်းသမ္မတက ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်လက္ခဏာများ တွေ့ရ ကြောင်း ပြောကြား

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၂၀၂၁ ခုနှစ်၊ မေ ၂၀ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ပြုလုပ်သော ၎င်း၏ ၂ နှစ်တာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

ကိဗ် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၎င်းအနေဖြင့် ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်သည့် လက္ခဏာများကို တွေ့မြင်ရကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။“စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကနေ ကျွန်တော်တို့ကြားနေရတဲ့ လက္ခဏာတွေက အပြုသဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။”ဟု ယူကရိန်းနိုင်ငံ သမ္မတက ၎င်း၏ တယ်လီဂရမ်ချန်နယ်ပေါ်တွင် ထုတ်လွှင့်ခဲ့သည့် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Zelensky က ယူကရိန်းနိုင်ငံသည် အန္တရာယ်များအားလုံးကို သတိထားကာ ခိုင်မာသည့်ရလဒ်များသာ ယုံကြည်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ၌ အထူးစစ်ဆင်ရေးပြုလုပ်ချိန်မှစ၍ ငါးကြိမ်မြောက်အဖြစ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ယူကရိန်း နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် မတ် ၂၉ ရက်အစောပိုင်းတွင် ၎င်းတို့၏ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ် ၂၉ ရက်တွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamia က ယူကရိန်းနိုင်ငံ၌ ပဋိပက္ခ အဆုံးသတ်ရေးကြိုးပမ်းမှုတစ်ရပ်အနေဖြင့် လုံခြုံရေးအာမခံချက်များအပေါ်တွင် နိုင်ငံတကာ သဘောတူစာချုပ်အသစ်တစ်ခုအား လက်မှတ်ရေးထိုးနိုင်ရေး ယူကရိန်းနိုင်ငံက အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(Chinese Version)

Ukrainian president says signals from peace talks “positive”
KIEV, March 29 (Xinhua) — Ukrainian President Volodymyr Zelensky said on Tuesday that he saw positive signals from the peace talks between Ukraine and Russia.
“The signals we hear from the negotiating platform can be called positive,” Zelensky said in a video address published on his official Telegram channel.
At the same time, Zelensky said Ukraine is “aware of all the risks” and will trust only “concrete results.”
Earlier Tuesday, Ukrainian and Russian delegations held their latest round of peace talks in Turkey’s city of Istanbul, the fifth since Russia launched a special military operation in Ukraine on Feb. 24.
Following the negotiations on Tuesday, David Arakhamia, a member of the Ukrainian delegation, said Kiev has proposed signing a new international treaty on security guarantees in an attempt to end the conflict in Ukraine. Enditem
Photo – File photo shows Ukrainian President Volodymyr Zelensky attending a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. (Photo by Sergey Starostenko/Xinhua)