Connect with us

Eastern Europe

ယူကရိန်းနိုင်ငံရှိ ဒေသန္တရအုပ်ချုပ်ရေးရုံး အဆောက်အအုံအား ရုရှား လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံး၊ ၃၃ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ကိဗ်မြို့ ကောင်းကင်ယံတွင် မီးခိုးများ ထွက်ပေါ်လာသည်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ယူကရိးန်နိုင်ငံ အရှေ့တောင်ပိုင်း မာလ်ကိုလိုင်ဗ်မြို့ရှိ ဒေသန္တရအုပ်ချုပ်ရေးရုံး အဆောက်အအုံအား ရုရှားတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂၉ ရက်က ပြောကြားခဲ့သည်။အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၈:၄၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၉ ထပ်ရှိ အဆောက်အအုံ အလယ်ပိုင်း ပျက်စီးသွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများကြားမှ လူ ၁၈ ဦးကို ကယ်ထုတ်ခဲ့ရကြောင်း ဝန်ကြီးဌာနအရ သိရသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ပြောခဲ့သည်။ (Xinhua)

………………………………………………
(English Version)
12 killed, 33 injured in Russia’s airstrike on Ukraine’s regional administration building

KIEV, March 29 (Xinhua) — At least 12 people were killed and 33 others injured in an airstrike carried out by Russia’s forces on a regional administration building in Ukraine’s southeastern city of Mykolayiv, the press service of the Ukrainian Interior Ministry said on Tuesday.

The airstrike, which occurred at about 8:45 a.m. local time (0545 GMT), destroyed the central section of the nine-story building, the ministry said.

According to the ministry, 18 people were rescued from the debris following the attack.
The search and rescue operation is under way, the ministry said. Enditem
Photo : Photo taken on Feb. 27, 2022 shows smoke rising in the sky in Kiev, Ukraine. (Xinhua/Lu Jinbo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.