ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း အောက်တိုဘာ ၂ ရက်က ဂုဏ်ပြုသဝဏ်လွှာ...
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသကြီး၏ ရေတပ်စစ်ရေယာဉ်စု တစ်စုအား စုဖွဲ့ကာ တိုက်ပွဲအတွက် အသင့်အနေအထား ကင်းလှည့်လည်မှုကို တောင်တရုတ်ပင်လယ်၌ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၅၂ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၃၈၉,၂၀၃ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၂.၁၀.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (...
– ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ်ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်(၂၉/၉/၂၀၂၄ – MOI) -စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလှောင်တမံများ၏ အခြေအနေများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိပါကြောင်းနှင့်...
-ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောကြား – လက်ဘနွန်အရေး အရေးပေါ်အစည်းအဝေးခေါ်ယူရန် အီရန်နိုင်ငံက လုံခြုံရေးကောင်စီကို တောင်းဆို -အရှေ့အလယ်ပိုင်းပဋိပက္ခအပေါ် ဖြေရှင်းဆောင်ရွက်ရန် ကုလသမဂ္ဂအား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း – နီပေါနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူအရေအတွက် ၁၀၄ ဦးထိ ရှိလာ –...
နန်နင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) သည် စက်တင်ဘာ ၂၈ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ စံချိန်တင်အဖြစ် ပြခန်းပြသသူပေါင်း ၃,၃၀၀ ဦး...
ယူနန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) နှစ်စဉ် စက်တင်ဘာလ၏ စတုတ္ထအပတ် တနင်္ဂနွေနေ့သည် အပြည်ပြည်ဆိုင်ရာ နားမကြားသူများနေ့ ဖြစ်သည်။
ချုံချင့်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လပေါ်ဆင်းသက်သည့် အာကာသဝတ်စုံအား တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA) က စက်တင်ဘာ ၂၈ ရက်၌ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ကာ ယင်း၏အမည်အား အများပြည်သူထံမှ တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်/မော်စကို၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒန်နှင့် အလည်အပတ်ရောက်ရှိနေသော ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး တို့သည် စက်တင်ဘာ ၂၆ ရက်က အိမ်ဖြူတော်၌ တွေ့ဆုံကာ ယူကရိန်းဘက်က ရုရှား-ယူကရိန်းပဋိပက္ခအတွက် ပြုလုပ်ထားသော “အောင်မြင်ရေး အစီအစဉ်”ကို နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာ့တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁.၄၇၈ သန်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ချက်အရ သိရသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက်...