နန်နင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီး၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်ကျွန်း မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်တွင် “Joint Sword-2024B” စစ်ရေးလေ့ကျင့်မှုများကို အောက်တိုဘာ ၁၄ ရက်၌ စစ်ရေးလေ့ကျင့်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ဆဋ္ဌအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ ငြိမ်းချမ်းရေးထိန်သိမ်းမှုတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) တွင် ပါဝင်ရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များစေလွှတ်သည့် နိုင်ငံပေါင်း ၄၀ က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်လာသော နိုင်ငံတကာမီဒီယာဌာနများစွာမှာ ခေါင်းဆောင်များနှင့် အောက်တိုဘာ ၁၃ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် အမေရိကန်က အစ္စရေးကို THAAD ဒုံးခွင်းစနစ် ပံ့ပိုးမည် ဖြစ်ပြီး သက်ဆိုင်ရာ အမေရိကန်စစ်သည်များကိုစေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်း-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ကွန်းဒက်ဘာရန်စီက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခဲ့သည့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများနှင့် ပတ်သက်၍ အပြုသဘောဆောင် ပြောကြားခဲ့ကြောင်း သိရသည်။
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၄၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) ၅,၄၂၀,၇၃၁ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၄.၁၀.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua) #Myanmar...
ယူနန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်-လာအို မီးရထားလမ်း စတင်ဖွင့်လှစ်ပြေးဆွဲချိန်မှစ၍ ပမာဏအကြီးမားဆုံး ထိန်းသိမ်းပြုပြင်မှုများကို မကြာသေးမီက စတင်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ စျေးဝယ်စင်တာတစ်ခု၌ သီတင်းကျွတ်အကြို စျေးရောင်းပွဲတော်ကျင်းပနေသည့်မြင်ကွင်းအား (ယနေ့ )က အောက်တိုဘာ ၁၃ရက် (ယနေ့)ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua))
ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီက ပိုလန်အသင်းကို အနိုင်ရရှိ အောက်တိုဘာ ၁၂ ရက် ညပိုင်းက ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် ပိုလန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ပိုလန်အသင်း၏ National Stadium ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။