ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ကိုလံဘို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ချိန်မှစ၍ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ဆေးဝါးများ ထုတ်လုပ်ရေး ၊ ထောက်ပံ့မှု နှင့် စည်းမျဉ်းဆိုင်ရာ...
မော်စကို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအခန်းကဏ္ဍတွင် ထိတွေ့လုပ်ဆောင်မှုများရှိခဲ့ခြင်းကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စ်တိုးနီးယားနိုင်ငံသံတမန်တစ်ဦးအား မကြိုဆိုထိုက်သူ“ persona non grata” အဖြစ်ကြေညာ၍ နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း သိရသည်။
ဂျေရုစလင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်တွင် ပင်လယ်ကွေ့၌ အစ္စရေးက-စီမံအုပ်ချုပ်သော လောင်စာဆီတင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရမှုကို အီရန်က ကျူးလွန်ကြောင်း အစ္စရေးဖက်က စွပ်စွဲထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ် အရေးယူမှုပြုလုပ်နိုင်ရန်အတွက် အစ္စရေးအနေဖြင့် နိုင်ငံတကာထောက်ခံအားပေးမှုကို စုဆောင်းလျက်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နဖ့်တာလီဘန်းနတ်က ဩဂုတ် ၃ ရက်တွင် ထုတ်ဖော်...
အစ္စတန်ဘူလ်၊ဩဂုတ် ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း နှင့် အနောက်တောင်ပိုင်းရှိ ပြည်နယ်များစွာတွင် တောမီးများအကြီးအကျယ်လောင်ကျွမ်းနေရာ မှန်းဆ၍ မရနိုင်သောအနေအထားကြောင့် COVID-19 ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများအားပြန်လည်နလံထူရေး လာမည့် နွေရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မျှော်လင့်ချက်မှာလည်း လျော့ပါးမှေးမှိန်သွားခဲ့ရကြောင်း သိရသည်။
ဝါရှင်တန် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာချုပ်အပြင်ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဩဂုတ် ၃ ရက်နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်း ရဲအရာရှိတစ်ဦးသေဆုံးသွားကြောင်း အာဏာပိုင်များက ဆိုသည်။
ပေကျင်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ဘီဘီစီသတင်းဌာနအပါအဝင် အနောက်တိုင်းမီဒီယာများသည် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ဝေဝါးစေရန် ပုံမှားရိုက် ဖန်တီးပြုလုပ်နေပုံများကို ဗြိတိသျှလူမျိုး ဘလော့ဂါတစ်ဦးဖြစ်သည့် Jason Lightfoot က ပြန်လည်ရှင်းလင်းထားသည်များကို ဖော်ပြပါရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua) ……………………………. (English Version) GLOBALink |...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ယနေ့ (သြဂုတ်လ ၁ရက်)၌ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(သြဂုတ် ၁ရက်)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ပြောကြားသည့် မိန့်ခွန့်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ဟို့စ်တန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆရာများအသင်း (TSTA) က ယခုနှစ်ဆောင်းဦးရာသီတွင် ကျောင်းသားများအနေဖြင့် ကျောင်းပြန်တက်ချိန်တွင် နှာခေါင်းစည်း လိုအပ်ချက်ကို အမိန့်ထုတ်ပြန်ပေးရန် အုပ်ချုပ်ရေးမှူး Greg Abbott က ဇူလိုင် ၂၇ ရက်၌ ပြောကြားခဲ့သည်။