ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မဲခေါင်နိုင်ငံများ၏ သဘောတူညီချက်အရ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ပူးတွဲသဘာပတိ၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဒီဇင်ဘာ ၇ ရက်၌ ပေကျင်းမြို့တွင်...
ကွမ်ကျိုး၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက Smart Dragon-3 (SD-3) သယ်ဆောင်ရေးဒုံးပျံဖြင့် စမ်းသပ်ဂြိုဟ်တုတစ်စင်းကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဒီဇင်ဘာ ၆ ရက်၌ လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်ပတ်လမ်းကြောင်းတွင် အင်တာနက်နည်းပညာ ဂြိုဟ်တုကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုကို ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက တရုတ်နိုင်ငံ...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ညဦးပိုင်းအချိန်များတွင် လာရောက် အပန်းဖြေကြသူများ၊ ကလေးများ လာရောက်ဆော့ကစားကြသည့် မြင်ကွင်းအား ဖော်ပြပါ ရုပ်သံဖိုင်တွင် တွေ့မြင်နိုင်ပါသည်။ (Xinhua)
ကိဗ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လေကြောင်းရန်များကို ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။
ကွမ်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ လယ်သမားများက ကောက်ပဲသီးနှံများ ရိတ်သိမ်းရာတွင် အများအပြား ရိတ်သိမ်းရရှိရေးအတွက် တရုတ်နိုင်ငံ BeiDou တည်နေရာပြဂြိုဟ်တုစနစ်ဖြင့် ထိန်းကျောင်းထားသည့် မောင်းသူမဲ့ စပါးရိတ်သိမ်းစက်များအား အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua) ————————- Unmanned rice harvesters applied...
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဟိမဝန္တာ လေကြောင်းလိုင်းက နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာနေရာဖြစ်သည့် ရှန်ဟိုင်းမြို့သို့ ပထမဆုံးလေယာဉ်ခရီးစဉ်အား ဒီဇင်ဘာ ၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ခရီးသည် ၁၄၁ ဦး လိုက်ပါသွားသော H9780 လေယာဉ်သည် ရှန်ဟိုင်းမြို့သို့ ဒီဇင်ဘာ...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ တက်ကြွမှု၊ ပွင့်လင်းမှုနှင့် ဆန်းသစ်မှုအရှိဆုံးမြို့အစုအဝေးအနက် တစ်ခုဖြစ်သော ယန်ဇီမြစ်ဝှမ်းဒေသသည် အဓိကအကျိုးကျေးဇူးများ ရရှိခံစားလျက်ရှိသလို စုပေါင်းဖွံ့ဖြိုးတိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်လမ်းပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊ ယင်းဒေသကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ မဟာဗျူဟာအဖြစ် လွန်ခဲ့သောငါးနှစ်အကြာက အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။
လန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ဟွမ်ရှန့်ခရိုင်တွင် ရေနံတန်ချိန် သန်း ၁၀၀ ကျော်ရှိ၍ ကြီးမားပြီး ကောင်းမွန်စွာထိန်းသိမ်းထားသော ရေနံလုပ်ကွက်တစ်ခုကို PetroChina ၏ လုပ်ငန်းခွဲ Changqing Oilfield က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
နန်ရှား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ပဥ္စမအကြိမ်မြောက် ကမ္ဘာ့မီဒီယာညီလာခံ အဓိကကျင်းပရာနေရာတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ် နန်ရှားခရိုင်က တစ်ကမ္ဘာလုံးက စိတ်ဝင်တစားအာရုံစိုက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စစ်တပ်သည် အမေရိကန်စစ်တပ်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သော သဘောတူညီချက်များ အကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။