ကိဗ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ Zaporozhye အလူမီနီယမ် စက်ရုံရှိ နိုင်ငံခြား စစ်လက်နက် သိုလှောင်ထားရှိ သည့် သိုလှောင်ရုံများအားဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည်။ အလားတူ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဌကလည်း ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများဆီသို့...
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အောက်ဖော်ပြပါ အချက်အလက်များသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဧပြီ ၂၈ ရက်က ကိဗ်မြို့ အပြင်ဘက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသော Borodyanka မြို့သို့...
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) ကြား ကုန်သွယ်မှုမှာ ပထမသုံးလပတ်တွင် အခိုင်အမာ မြင့်တက်လာခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက ဧပြီ ၂၈ ရက်က ပြောကြားခဲ့သည်။ နှစ်ဘက်ကုန်သွယ်မှုသည် ယမန်နှစ်ကထက် ၁၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ အမေရိကန်ဒေါ်လာ...
ဖနွမ်းပင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ရှိ ပြည်သူများစွာသည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သဖြင့် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးကို ပြောင်းလဲအသုံးပြုလျက်ရှိကြောင်း သိရသည်။ ဧပြီ ၂၈ ရက်တွင် ပုံမှန် ဓာတ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ရီရယ် ၅,၁၅၀ (အမေရိကန်ဒေါ်လာ ၁.၂၇)...
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံသို့ ကာကွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဧပြီ၂၈ ရက်တွင် လွှတ်တော်သို့ “၂၀၂၂ ဘဏ္ဍာနှစ် အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ” အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကို အတည်ပြုပေးရန်...
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း အမျိုးအစား ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုတံဆိပ်ပေါင်း ၆၀ ရရှိမည်ဟု မျှော်မှန်း၍ လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ ဧပြီ...
ကိဗ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၈ ရက်တွင် မြို့တော် ကိဗ်၌ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ပြီး မာရီယူပိုးလ်ရှိ ဒေသခံများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂသည် ဘက်စုံအပစ်အခတ်ရပ်စဲရေးကို...
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲအား ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုနှင့် နယ်စပ်ဂိတ်များဖွင့်လှစ်မှု...
ရန်ကုန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) SITC Logistics Myanmar Co., Ltd တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၏ “Pacific Grace”ကွန်တိန်နာသင်္ဘောသည် ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယသမုဒ္ဒရာ ကပ္ပလီပင်လယ်တွင် ရေထဲပြုတ်ကျမျောပါသွားသည့် မြန်မာနိုင်ငံသား တံငါသည်အမျိုးသားတစ်ဦးကို တွေ့ရှိကယ်ဆယ်ခဲ့ရာ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လုံခြုံဘေးကင်းစွာ ပြန်လည်...
အော့တဝါ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အစိုးရက မကြာမီ ယူကရိန်းနိုင်ငံ၌ သံရုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောကြားခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဧပြီ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ Joly က လာမည့်ရက်များ၊...