Connect with us

Media

တရုတ်အာကာသ စောင့်ကြည့်လေ့လာရေးသင်္ဘောကြီး သီရိလင်္ကာနိုင်ငံ ဟမ်ဘမ်တိုတာဆိပ်ကမ်း၌ ကျောက်ချ ရပ်နား

ကိုလံဘို၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသ စောင့်ကြည့်လေ့လာရေး Yuanwang-5 သင်္ဘောကြီးသည် လိုအပ်သည့် ဖြည့်တင်းမှုများ လုပ်ဆောင်ရန် သီရိလင်္ကာနိုင်ငံ ဟမ်ဘမ်တိုတာဆိပ်ကမ်း (HIP) ၌ကျောက်ချ ရပ်နားခဲ့သည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qi Zhenhong ၊ သီရိလင်္ကာနိုင်ငံ အစိုးရတာဝန်ရှိသူများ၊ တရုတ်နိုင်ငံ စီးပွား​ရေးကုမ္ပဏီအသီးသီးမှ သက်ဆိုင်ရာကိုယ်စားလှယ်များက ဩဂုတ် ၁၆ ရက်တွင်သင်္ဘောကြီးအား ဆိပ်ခံတံတားမှ ကြိုဆိုခဲ့သည်။

သံအမတ်ကြီး Qi က ဟမ်ဘမ်တိုတာဆိပ်ကမ်းရှိ ကြိုဆိုရေးအခမ်းအနားသည် ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှုအောက်တွင် တရုတ်နိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား အဓိက ပူးပေါင်းဆောင်ရွက် မှုစီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ Yuanwang-5 သင်္ဘော ကြီးသည်ရက်ပေါင်း ၃၀ ကျော်ကြာ ကျောက်ချရပ်နားမည့် အထိမ်းအမှတ်မှာ တရုတ်နိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား နက်ရှိုင်းပြီးခိုင်မာမြဲမြံသည့် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုအစဉ်အလာကို‌ဖော်ညွှန်းရာရောက်ကြောင်း သံအမတ်ကြီးကဆိုသည်။

သီရိလင်္ကာနိုင်ငံသမ္မတ ကိုယ်စား Sarath Weerasekera က သီရိလင်္ကာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ရှည်လျားလှသည့် အတိတ်သမိုင်းကြောင်းတစ်ခုရှိသည့်အပြင် သီရိလင်္ကာနိုင်ငံသို့ Yuanwang-5 သင်္ဘောဆိုက်ကပ်ခြင်းသည် နှစ်နိုင်ငံအကြား ရှေးယခင်ကတည်တံ့ခဲ့သည့်ရင်းနှီးချစ်ကြည်မှုကိုအားကောင်းစေပြီး ခိုင်မာမြဲမြံစေမည်ကိုယုံကြည်ပါကြောင်းဆိုသည်။

ဟမ်ဘမ်တိုတာနိုင်ငံတကာဆိပ်ကမ်းအဖွဲ့ chief executive officerဖြစ်သူနှင့် သီရိလင်္ကာနိုင်ငံရှိ China Merchants Group ၏  ကိုယ်စားလှယ်အကြီးအကဲဖြစ်သူ Liu Enhuai က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတကာကုန်စည်သင်္ဘောများဆိုက်ကပ်ရပ်နားရာ ဆိပ်ကမ်းကြီးတစ်ခုဖြစ်သည့် ဟမ်ဘမ်တိုတာဆိပ်ကမ်း မှ နိုင်ငံအားလုံးရှိ သင်္ဘောကြီးများကို ကျွမ်းကျင်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် အစဉ်အမြဲ ကြိုဆိုလျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Yuanwang-5 သင်္ဘောမှ ကပ္ပတိန် ဖြစ်သူ Zhang Hongwang က Yuanwang-5 သင်္ဘောသည် တရုတ်နိုင်ငံ၏ အာကာသစခန်းရှိ ဝန့်ထျန်း Yuanwang-5a ဓါတ်ခွဲခန်း မော်ဂျူးအတွက် ကာလရှည် ရေကြောင်းစောင့်ကြည့်ရေး ဆိုင်ရာတာဝန်ထမ်းဆောင်နေသည့် သင်္ဘောကြီးတစ်စင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)