Breaking News
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးထွန်းထွန်းဟိန် အား ရွေးကောက် တင်မြှောက်

နေပြည်တော် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးထွန်းထွန်းဟိန် အား ရွေးကောက် တင်မြှောက် လိုက်ကြောင်း ယနေ့မတ် ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ လောင်း အဖြစ် နောင်ချို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် နှင့် မိတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တို့အား အမည်စာရင်း တင်သွင်းခဲ့ပြီး စက်ခလုတ်နှိပ် မဲပေး ရွေးချယ်ခဲ့ရာ နောင်ချို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် က လွှတ်တော်၏ ဆန္ဒမဲ အရေအတွက် အများဆုံးဖြင့် ရွေးကောက် တင်မြှောက် ခံခဲ့ရခြင်း ဖြစ်သည်။(Xinhua)