Connect with us

Breaking News

တရုတ်နိုင်ငံတောင်ပိုင်း၌ လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင်လေယာဉ်ပျက်ကျမှုဖြစ်ပွား

နန်နင်း ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယနေ့ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာအရေးပေါ် ကယ်ဆယ်ရေးစီမံခန့်ခွဲမှုဌာနက ဆိုသည်။
ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ဦးတည်ပျံသန်းလာသည့် တရုတ်နိုင်ငံ Eastern Airlines လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ဝူကျိုးမြို့ ထိန်ရှန့်ခရိုင်အတွင်း ပျက်ကျပြီး မီးလောင်ကျွမ်းသွားခဲ့ကြောင်း ကယ်ဆယ်ရေးစီမံခန့်ခွဲမှုဌာန၏ ပြောကြားချက်အရ သိရသည်။
ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၁၂၃ ဦး နှင့် လေယာဉ်အမှုထမ်း ၉ ဦးအပါအဝင် စုစုပေါင်း လူ ၁၃၂ ဦးလိုက်ပါလာကြောင်း တရုတ်နိုင်ငံမြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာန၏ ဝက်ဆိုက်စာမျက်နှာပေါ်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း နှင့် လူသေဆုံးဒဏ်ရာရရှိမှု အခြေအနေကို ချက်ချင်းမသိရှိရသေးကြောင်း သိရသည်။(Xinhua)

………………………
(English Version)

Passenger plane carrying 132 crashes in south China
NANNING, March 21 (Xinhua) — A passenger plane with 132 people aboard crashed in south China’s Guangxi Zhuang Autonomous Region Monday afternoon, said the regional emergency management department.
The Boeing 737 aircraft of China Eastern Airlines, which flew from Kunming to Guangzhou, crashed in Tengxian County in the city of Wuzhou, causing a mountain fire, according to the department.
The 132 people were 123 passengers and nine crew members, said the Civil Aviation Administration of China on its website.
Rescuers have been assembled and were approaching the site. The casualties were not immediately known.