Connect with us

Media

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဆိုင်ရာအရေးပေါ်တုန့်ပြန်မှုအဆင့် ၃ သတ်မှတ်

ဝူဟန့်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်းဟူပေပြည်နယ် ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနှင့်မိုးခေါင်ရေရှားမှုလျော့ပါးသက်သာစေရေး ရုံးချုပ်မှ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဟူပေပြည်နယ် ၌ ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ် တုန့်ပြန်မှု အား အဆင့် ၃ အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်းသိရသည်။
ပြည်နယ်အတွင်းနေရာအများစု၌ သြဂုတ်လ ၈ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဟူပေပြည်နယ်ရှိ စီရင်စုပေါင်း ၆၈ ခုတွင် မိုး‌ရေချိန် တိုင်းတာချက်အရ ၁၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ကြောင်းပြည်နယ် အရေးပေါ်ကိစ္စရပ်များစီမံထိန်းချုပ်ရေးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Xiangyang, Suizhou နှင့် Xiaogan မြို့များတွင်နေထိုင်သည့်ဒေသခံပေါင်း ၂၈၆,၁၀၀ အပေါ် သက်ရောက်မှုရှိခဲ့ပြီး ပြည်သူပေါင်း ၆,၀၀၀ ကျော် နေရာရွှေ့ပြောင်းခဲ့ရသည်။
ပြည်နယ် ဘေးအန္တရာယ်လျှော့ချရေးကော်မရှင်နှင့် အရေးပေါ် အရေးပေါ်ကိစ္စရပ်များစီမံထိန်းချုပ်ရေးဌာနတို့က ကယ်ဆယ်ရေး အသုံးအဆောင်များဖြစ်သည့် ယာယီတဲများ၊ ခေါက်အိပ်ရာများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းပေါင်း ၂,၀၀၀ ခန့်အား Suizhou မြို့သို့ပို့ဆောင်ပေးခဲ့သည်။
တရုတ်နိုင်ငံအတွင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဆိုင်ရာအရေးပေါ်တုန့်ပြန်ချက်အဆင့် ၄ ဆင့်သတ်မှတ်ထားရာ အဆိုးဆုံး အပြင်းထန်ဆုံးကို အဆင့် ၁ ဟုသတ်မှတ်ထားကြောင်းသိရသည်။ (Xinhua)

…………………………..
(English Version)
GLOBALink | China’s Hubei activates Level III emergency response for flood control
WUHAN, Aug 13 (Xinhua) — The flood control and drought relief headquarters of central China’s Hubei Province activated Level III emergency response for flood control on Thursday.
Heavy rainfall has hit most parts of the province since Aug. 8. As of 3:00 p.m. Thursday, 68 counties in Hubei had each seen rainfall measuring more than 100 mm, according to the provincial emergency management department.
From Wednesday to Thursday noon, heavy downpours affected 286,100 residents in the cities of Xiangyang, Suizhou and Xiaogan, with nearly 6,000 people relocated.
The provincial disaster reduction commission and emergency management department sent 2,000 pieces of relief materials such as tents and folding beds to Suizhou on Thursday.
China has a four-tier flood-control emergency response system, with Level I being the most severe.
Produced by Xinhua Global Service