Connect with us

Media

တူရကီနိုင်ငံက PKK လက်နက်ကိုင် တပ်ဖွဲ့ ဝင် ၂၈ ဦးအားလေကြောင်းမှ ချေမှုန်း

အန်ကာရာ၊သြဂုတ် ၂၆ ရက် (ဆင်ဟွာ )

အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ တူရကီ ကာဒစ်ရှန် အလုပ်သမားပါတီ PKK လက်နက်ကိုင် တပ်ဖွဲ့ ဝင် အနည်းဆုံး ၂၈ ဦးအား တူရကီနိုင်ငံ လေကြောင်းတပ်ဖွဲ့ကချေမှုန်းနိုင်ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။အီရန်နယ်စပ်အနီးရှိ Asos ဒေသတွင် လေယာဉ် အစင်း ၂၀ ကျော်ဖြင့် လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ယာယီတဲများ၊ လက်နက်စုဆောင်းရေးစခန်းများ နှင့် ပုန်းခိုရာ လိုဏ်ဂူများအား ပစ်မှတ်ထားက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ဆင်ရေးအား တူရကီနိုင်ငံ အမျိုးသားထောက်လှမ်းရေးစစ်ဆင်မှုအဖွဲ့ (National Intelligence Operation) နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။တူရကီနိုင်ငံသည် PKK လက်နက်ကိုင်များ၏အခြေစိုက်စခန်းများ တည်ရှိရာ အီရတ်နိုင်ငံမြောက်ပိုင်း၌ နယ်စပ် စစ်ဆင်ရေးလုပ်ငန်းများအား ပုံမှန်လုပ်ဆောင်လေ့ရှိသည်။ PKK လက်နက်ကိုင်များကြောင့်တူရကီ ပြည်သူ ၄၀,၀၀၀ ကျော် သေဆုံးခဲ့သည့်အပြင် တူရကီ အစိုးရအား နှစ်ပေါင်း ၃၀ ကျော်ကြာ ပုန်ကန်တိုက်ခိုက်ခဲ့ကြသည့် ၎င်းတို့အဖွဲ့ကို တူရကီနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် စာရင်းသွင်းထားကြောင်းသိရသည်။ (Xinhua)

…………………………..
(English Version)
Turkey says destroys 28 PKK targets in northern Iraq

ANKARA, Aug. 24 (Xinhua) — Turkish air campaign destroyed at least 28 targets of Turkey’s outlawed Kurdistan Workers’ Party (PKK) in northern Iraq, Turkey’s defense ministry said on Tuesday.

More than 20 aircraft launched an air operation in the Asos region near the Iranian border and targets including shelters, ammunition depots, caves were destroyed, it said.

The operation was conducted with the cooperation of Turkey’s National Intelligence Operation, said the ministry.
Turkey regularly conducts cross-border operations on PKK bases in northern Iraq.

The PKK, listed as a terrorist organization by Turkey, the United States and the European Union, has been rebelling against the Turkish government for over 30 years, which has claimed the lives of more than 40,000 people. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.