Connect with us

Media

“ပေကျင်း ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲအတွက် ကုလသမဂ္ဂ အကြီးအကဲမှ ဗီဒီယိုမက်ဆေ့ခ်ျဖြင့် နှုတ်ခွန်းဆက်ပြောကြား”

ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
“မင်္ဂလာပါ ပေကျင်း၊ ၂၀၂၂ ခုနှစ် ဆောင်းရာသီအားကစားပြိုင်ပွဲမှာ အိုလံပစ်ပြိုင်ပွဲ၀င်မယ့်သူတွေနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်မည့်သူ အားလုံးကိုဂုဏ်ပြုပါတယ်။ အိုလံပစ်စိတ်ဓာတ်ဆိုတာ ငြိမ်းချမ်းရေး၊ အပြန်အလှန်လေးစားမှုနဲ့ နားလည်ပေးမှု တွေပဲဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ပြိုင်ပွဲ၀င်တွေက အဲဒီအရည်အသွေးတွေကို ပေါင်းစပ်ပြီး ကျွန်တော်တို့အားလုံးရဲ့စိတ်ဓာတ်ကို လှုံ့ဆော်ပေးပါတယ်။ ကျွန်တော့်အနေနဲ့မျှော်လင့်တာကတော့ ဒီစိတ်ဓာတ်က အိုလံပစ်ပွဲအတွင်းမှာသာမကပဲ အားလုံးကို လှုံ့ဆော်ပေးချင်တာပါ ကစားသမားတွေ ကြည့်ရှုသူတွေနဲ့ မိသားစုပိုင်ဆိုင်ထားတဲ့ လူတိုင်းကိုပါ ကန့်သတ်ချက်မရှိပါဘူး။ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ လူတိုင်းအတွက် ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုတွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေက အကန့်အသတ်မရှိ အောင်မြင်နိုင်မှာပါ။ တစ်လျှောက်အတွင်းသာမက အပြင်လောကမှာလည်း အိုလံပစ်စိတ်ဓာတ်ဖြစ်တဲ့ တရားမျှတတဲ့ယှဉ်ပြိုင်မှုနဲ့ စည်းလုံးညီညွှတ်မှု တွေကိုရရှိကြပါစေ” (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.