Connect with us

Media

ပေကျင်း ၂၀၂၂ အားကစားပြိုင်ပွဲများ၏ဆုရလဒ်များကို ပန်ဒါကြီးများဖြင့်ခန့်မှန်းစေခဲ့

မော်စကို၊ဖေဖော်ဝါရီ ၅ရက် (ဆင်ဟွာ)
မော်စကို တိရစ္ဆာန်ရုံရှိ ပန်ဒါကြီးများအားဖေဖော်ဝါရီ ၄ ရက်က စတင်ခဲ့သည့် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများ၏ရလဒ်များအား ခန့်မှန်းစေခဲ့သည်။
Ru Yi နှင့် Ding Ding ဟု အမည်ပေးထားသည့် ပန်ဒါကြီးနှစ်ကောင်အား နိုင်ငံများ၏အလံများကပ်ထားသော လမ်းတား ပလတ်စတစ်ကန်တော့ချွန်၅ခုကို ရွေးချယ်ထိတွေ့စေခဲ့သည်။
ကန်တော့ချွန်များတွင် မည်သည့်စားဖွယ်မှထည့်သွင်းမထားသည့်အပြင် ပြင်ပထိတွေ့မှုများလည်း ကင်းလွတ်စေရန် လုပ်ဆောင်ထားသည်။
Ding Ding က တရုတ် ၊ ဆွီဒင်၊ နယ်သာလန်၊ ရုရှားနှင့် သြစတြီးယားအလံများကပ်ထားသော ကန်တော့ချွန်များကို ထိတွေ့ခဲ့သည်။
Ru Yi က နော်ဝေး၊ ကနေဒါ၊ အမေရိကန်၊ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံအလံများ ကပ်ထားသော ကန်တော့ချွန်များကို ထိတွေ့ခဲ့သည်။(Xinhua)