Connect with us

Media

မောင်းသူမဲ့ကားစိန်ခေါ်ပွဲ တရုတ်ပြည် အနောက်တောင်ပိုင်းဒေသတွင် စမ်းသပ်

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် ပြည်နယ်၌ ပြီးခဲ့သည့် ကြာသပတေးနေ့ကစတင်ခဲ့သော မောင်းသူမဲ့ကား စိန်ခေါ်မှု ဂိမ်းပြိုင်ပွဲတွင် ကားထုတ်လုပ်သူများ၊ လေ့လာရေးပြုလုပ်သူများ၊ ကောလိပ်မှ အဖွဲ့များနှင့် တစ်ဦးချင်းယှဉ်ပြိုင်သူများ ပါဝင်ခဲ့သည်။
လေးရက်ကြာ ဂိမ်းကစားပွဲကို i-VISTA Autonomous Vehicle Grand Challenge ဟု တရားဝင်နာမည်ပေးထားပြီး သဘာဝပတ်ဝန်းကျင် ကိုယ်စားပြုခြင်း၊ ဆုံးဖြတ်ချက်စိစစ်ခြင်း၊ ထိန်းချုပ်နိုင်ခြင်းနှင့် မော်တော်ယာဉ်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းများပေါ်တွင် ၅ ချီ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပွဲတွင် ယှဉ်ပြိုင်သူများ၏ ကိုယ်ပိုင်ယာဉ်များကို ထည့်သွင်းယှဉ်ပြိုင်နိုင်ပြီး ယာဉ်၏အလိုအလျောက်အရေးပေါ်ရပ်တန့်နိုင်သည့် စနစ်နှင့် အလိုလျောက် ပါကင်ထိုးနိုင်သည့် စနစ်များကို စမ်းသပ်ထားသည့် Advanced Driving Assistance System (ADAS) လည်း ပါဝင်သည်။
Smart China Expo ၏ အဓိက လုပ်ဆောင်မှုတစ်ခုဖြစ်သည့် အဆိုပါ စိန်ခေါ်ပွဲကို သုံးကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီး အဖွဲ့ပေါင်း ၃၀၀ ကျော်ကို စွဲဆောင်နိုင်ခဲ့သည် ။ ယခုနှစ်အတွက် ပြိုင်ပွဲစည်းမျဉ်းများကို ပြန်လည်ညှိနှိုင်းခဲ့ပြီး ပြိုင်ပွဲဝင်များကို ၎င်းတို့၏ ကိုယ်ပိုင်ယာဉ်များ ယူဆောင်လာခွင့် ပြုခဲ့ကြောင်း ပွဲစီစဉ်သူက ပြောသည်။
2021 Smart China Expo ကို နည်းပညာ ဖလှယ်ခြင်းများကို မြှင့်တင်ပေးနိုင်ရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေရန် ရည်ရွယ်ပြီး ဩဂုတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ချုံချင်း ပြည်နယ်တွင် ကျင်းပနေခြင်းဖြစ် သည်။ (Xinhua)