Connect with us

Media

ယူနန်တွင် နာမကျန်းစွန့်ပစ်ခံ ၆ ရက်သား ဆင်ပေါက်လေးအား ကယ်တင်နိုင်ခဲ့

ယူနန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆစ်ဆောင်းပန္နား (တိုင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာမကျန်းဖြစ်ကာ ဆင်အုပ်မှ စွန့်ခွါထားခဲ့သော ၆ ရက်သား အရွယ် ဆင်‌ပေါက်လေးတစ်ကောင်ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ရွာသားများက ဆင်ပေါက်လေးအား‌ တွေ့ရှိစဉ် ကျန်းမာရေးအခြေအနေမှာ ဆိုးဝါးလျက်ရှိသည်။ဆင်ပေါက်လေးသည် ဝမ်းဗိုက်တွင် ပိုးဝင်ပြီး ခြေထောက်များမှာပေါက်ပြဲနေသည့်အပြင် ဝမ်းလျှောကာ ဖျားနာနေပြီးနှလုံးခုန်နှုန်းလည်းမမှန်ကြောင်းသိရသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဆင်ပေါက်လေးအား အမြန်ဆုံးသွားရောက်စောင့်ရှောက်ကာ တောရိုင်းတိရစ္ဆာန်ကုသရေးကျွမ်းကျင်ဆရာဝန်များက ယင်းနေရာ၌ပင် ကုသမှုပြုလုပ်ပေးပြီးနောက်အဟာရအဖြစ် နို့ တိုက်ပေးခဲ့ကြောင်း သိရသည်။
သတင်းကောင်းအဖြစ်ကယ်ဆယ်ရေးအဖွဲ့၏ ကုသမှုကြောင့် ဆင်ပေါက်လေးမှာကျန်းမာရေးကောင်းမွန်လာပြီး လမ်းပြန်လျှောက်နိုင်ခဲ့သည်။

ထိုဆင်ပေါက်လေးအား အာရှဆင်များမွေးမြူရေးနှင့်ကယ်ဆယ်ရေးစင်တာတွင် ကုသမှုနှင့် စောင့်ရှောက်မှုပေးရန်ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ (Xinhua)

…………………………
(English Version)

Abandoned 6-day-old elephant calf rescued in SW China
Elephant in need: A 6-day-old sick elephant calf was abandoned by its herd, but was rescued by local people in SW China’s Yunnan. Thank all those who rushed to help the poor soul!

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.