Connect with us

Media

ရှင်းကျန်းဒေသရှိ ရေနံတွင်းကြီးမှ နှစ်စဉ် ရေနံစိမ်းအထွက်တိုးတက်လျက်ရှိ

ရှင်းကျန်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရေနံစိမ်းတွင်း မှ ရေနံစိမ်းထုတ်လုပ်မှုတိုးတက်လျက်ရှိကြောင်းသိရသည်။

Junggar ချိုင့်ဝှမ်းရှိ Mahu ရေနံတွင်း ၌ နေ့စဉ် ရေနံစိမ်း တန်ချိန် ၆,၉၉၃ တန် ထုတ်လုပ်နိုင်ခဲ့ရာ ယခုနှစ်အတွင်း ရေနံစိမ်းစုစုပေါင်းထုတ်လုပ်မှုမှာ တန်ချိန်ပေါင်း ၁.၄၅ သန်းအထိရှိခဲ့ကြောင်း ၊ တစ်နှစ်တာလုံးပမာဏအားဖြင့် တန်ချိန် ၂.၇၃ သန်းအထိ ထုတ်လုပ်နိုင်ရန်လျာထားသည်။

ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်ပြီးနောက် Mahu ရေနံတွင်းမှ ယခုနှစ်ကုန်တွင် ရေနံစိမ်းတန်ချိန်ပေါင်း ၃ သန်းအားထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။ Mahu ရေနံတွင်းအား ၂၀၁၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိတွင် ရေနံစိမ်းတန်ချိန်ပေါင်း ၁ ဘီလီယံကျော်ထွက်ရှိကြောင်းသက်သေပြခဲ့ပြီးဖြစ်သည့်အပြင် ၂၀၂၅ ခုနှစ်အရောက်တွင် နှစ်စဉ်ရေနံစိမ်းထုတ်လုပ်မှု စုစုပေါင်းတန်ချိန် ၅ သန်းခန့်ရရှိနိုင်မည်ဖြစ်သည်။ (Xinhua)

————————————
(English Version)
Mega oilfield in Xinjiang increases output
A mega oilfield in northwest China’s Xinjiang Uygur Autonomous Region has increased output.
The Mahu Oilfield in the Junggar Basin now produces up to 6,993 tonnes of crude oil per day, with an aggregate output of 1.45 million tonnes so far this year.
The oilfield plans to produce 2.73 million tonnes of crude oil this year.
After expanding capacity, the annual production of the Mahu Oilfield is expected to reach 3 million tonnes by the end of the year.
The Mahu Oilfield was ascertained in late 2017.
It has a proven oil reserve exceeding one billion tonnes.
Its annual production is set to reach 5 million tonnes in 2025.