Connect with us

Media

ပန်ဒါဝက်ဝံဒီဇိုင်း ပုံဖော်ထားသောတရုတ်နိုင်ငံရှိ ဆိုလာစွမ်းအင်ထုတ်လုပ်ရေးစက်ရုံ

တာ့ထုန်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့ပထမဆုံး ပန်ဒါဝက်ဝံပုံစံ ဒီဇိုင်းဖော်ထားသည့် နေ‌ရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးဆိုလာ စက်ရုံတစ်ရုံကို ဆိုလာပြားပေါင်း ၁၇၀,၀၀၀ ပြားဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် တာ့ထုန်းမြို့တွင်တည်ဆောက်ထားသည်။ အဆိုပါ စွမ်းအင်ထုတ်လုပ်ရေးစက်ရုံသည် နှစ်စဉ် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ် ဓါတ်အား ကီလိုဝပ်နာရီပေါင်း သန်း ၈၀ အားထုတ်လုပ်နိုင်ပြီး ၎င်းမှာ အိမ်ထောင်စုပေါင်း ၃၀,၀၀၀ ၏ နှစ်စဉ်လျှပ်စစ်သုံးစွဲမှုပမာဏနှင့် ညီမျှသည်။ ၁၉၈၀ ပြည့်နှစ်များက တာ့ထုန်းမြို့သည် ၄င်း၏ ကြွယ်ဝသော သယံဇာတများကြောင့် တရုတ်နိုင်ငံ၏ ”ကျောက်မီးသွေးမြို့တော်” ဖြစ်လာခဲ့သည်။ ထိုအချိန်၌ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ညစ်ညမ်းမှုကြီးစွာဖြစ်ပေါ်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကိုများစွာထိခိုက်ခဲ့သည်။ လက်ရှိတွင် တာ့ထုန်းမြို့တွင်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ပန်ဒါဝက်ဝံပုံစံနေ‌ရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးဆိုလာ စက်ရုံ မှ အကြီးအကဲ “Sun Jingsong” က “ ပန်ဒါလေးတွေကို တစ်ကမ္ဘာလုံးရှိ ပြည်သူတွေက ချစ်မြတ်နိုးကြပါတယ်၊ စွမ်းအင်စက်ရုံကို ပန်ဒါပုံစံတည်ဆောက်ထားရတဲ့အကြောင်းရင်းကတော့ကမ္ဘာကြီးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်စေချင်လို့ပါပဲ။” ဟုဆိုသည်။ (Xinhua)
………………………………………………..
(English Version)
Panda-shaped solar power station leads China’s “capital of coal” on greener path
DATONG, Aug. 12 (Xinhua) –The world’s first panda-shaped photovoltaic power station is consisted of 170,000 photovoltaic panels, located in Datong city, northwest China’s Shanxi province. The power station generates 80 million kwh of solar-powered electricity annually, equal to the total annual electricity consumption of over 30 thousand households.
In the 1980s, Datong became China’s “capital of coal” as demands for its rich energy resources took off. At the same time, over-mining resulted in heavy pollution and destruction of the natural environment. But now, Datong shifts its path into developing renewable energy.