Connect with us

Media

တရုတ်နိုင်ငံ၏ သီးခြားဖြစ်နေသော ဒေသက ဆယ်စုနှစ်အတွင်း အသွင်ပြောင်းလဲလာခြင်း

လားဆ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ယခုနှစ်သည် တရုတ်နိုင်ငံ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Bome ခရိုင်နှင့် Medog ခရိုင်ကို ချိတ်ဆက်ထားသော အဝေးပြေးလမ်း ဖွင့်လှစ်ခြင်း ၁၀ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သည်။

အဆိုပါ အဝေးပြေးလမ်း မဖွင့်လှစ်မီက Medog ဒေသခံများသည် တောင်ကြားလမ်းများ၊ တောင်တက်လမ်းများနှင့် သစ်သားနှင့် ကြိမ်တံတားများကိုသာ အမှီပြုအားထားခဲ့ရသည်။

၂၀၁၃ ခုနှစ်တွင် ထိုအဝေးပြေးလမ်းမဖွင့်လှစ်ခဲ့ခြင်းက ယင်းခရိုင်ကို ပြောင်းလဲမှုများစွာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
တစ်ချိန်က ဝေးလံ၍ တောတောင်ထူထပ်လှသော ခရိုင်လေးသည် ခရီးသွားဧည့်သည်များ လာရောက်ရာနေရာအဖြစ်သို့ အသွင်ပြောင်းလဲလာခဲ့ကာ ယခုနှစ် ပထမ ၉ လတာကာလအတွင်း ခရီးသွားဧည့်သည် ၃၄၈,၀၀၀ ခန့်ကို လက်ခံနိုင်ခဲ့သည်။

တရားဝင်အချက်အလက်များအရ ဒေသတွင်း ဂျီဒီပီမှာလည်း ၂၀၁၂ ခုနှစ်က ယွမ် သန်း ၂၆၀ (အမေရိကန်ဒေါ်လာ ၃၅.၆ သန်း) ရှိရာမှ ၂၀၂၂ ခုနှစ်တွင်မူ ယွမ် သန်း ၇၉၀ (အမေရိကန်ဒေါ်လာ ၁၀၈ သန်း) အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
China’s isolated county sees a decade of transformation
This year marks the 10th anniversary of the opening of the highway connecting Bome to Medog in China’s Xizang Autonomous Region.
Before the opening of the highway, Medog residents had to rely on mountain trails, ziptreks, and wooden and rattan bridges.
The highway, which opened in 2013, brought many changes to the county.
The once-remote mountain county has also evolved into a thriving tourist destination, receiving about 348,000 tourists in first 9 months of this year.
According to official data, the local GDP increased from 260 million yuan (35.6 mln USD) in 2012 to 790 million yuan (108 mln USD) in 2022.