Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ အားကောင်းလာစေရေး အတွက် တရုတ်နိုင်ငံက တည်ဆောက်သည့် ရထားလမ်း ဖွင့်လှစ်

ကော့ဘဇား၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဦးစားပေးစီမံကိန်းများအနက်တစ်ခုဖြစ်သည့် ဒိုဟာဇာရီမြို့မှ ကော့ဘဇားမြို့အထိ ချိတ်ဆက်ထားသော ရထားလမ်းအား နိုဝင်ဘာ ၁၁ ရက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) ၏ ရန်ပုံငွေဖြင့် ၁၀၃.၅ ကီလိုမီတာရှည်လျားသည့် ရထားလမ်းအား တရုတ်နိုင်ငံ မြို့ပြအင်ဂျင်နီယာလုပ်ငန်းတည်ဆောက်ရေးကော်ပိုရေးရှင်း (CCECC) နှင့် China Railway Group Limited (CREC)တို့က တစ်စိတ်တစ်ပိုင်း ပါဝင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းရထားလမ်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ အားကောင်းလာစေမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Chinese-built railway inaugurated in Bangladesh to bolster connectivity, transportation infrastructure
The Dohazari to Cox’s Bazar Railway, one of the priority development projects of Bangladesh, was inaugurated on Saturday.
The 103.5-km railway, funded by the Asian Development Bank (ADB), was partly built by the China Civil Engineering Construction Corporation (CCECC) and the China Railway Group Limited (CREC).
It is expected to bolster connectivity and transportation infrastructure in the South Asian country.
Xinhua News Agency correspondents reporting from Cox’s Bazar, Bangladesh.(XHTV)