Connect with us

China

တရုတ်-မွန်ဂိုလီးယား နယ်စပ်စခန်းတွင် ခရီးသည်များ ပြန်လည်ဖြတ်သန်းသွားလာ

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Bayan Nur မြို့ရှိ Ganqmod နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းသွားသော ကုန်တင်ယာဉ်အမျိုးမျိုးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော Ganqmod ဆိပ်ကမ်းသည် တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးဆုံး အဝေးပြေးလမ်းစခန်းတစ်ခုဖြစ်ပြီး ခရီးသည် အသွားအပြန်ဖြတ်သန်းသွားလာမှုကို နိုဝင်ဘာ ၁၃ ရက်၌ ပြန်လည်စတင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အဝေးပြေးလမ်းစခန်းတွင် ပုံမှန်ခရီးသည်များ ရှင်းလင်းရေးလုပ်ငန်း သေချာစွာကိုင်တွယ်နိုင်ရန် ဝန်ဆောင်မှုကောင်းမွန်အောင် ပြင်ဆင်ခြင်းနှင့် စစ်ဆေးရေးချန်နယ်များစွာ ဖွင့်လှစ်ခြင်းအပါအဝင် စီမံဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ယင်းစခန်းစီမံရေးဌာနက ပြောခဲ့သည်။

၂၀၂၂ ခုနှစ်တွင် Ganqmod ဆိပ်ကမ်း၌ ကုန်စည် တန်ချိန် ၁၉ သန်းကျော်ကို အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး ထိုပမာဏမှာ ၂၀၂၁ ခုနှစ်ကထက် နှစ်ဆကျော်ရှိခဲ့ကြောင်း သိရသည်။
Ganqmod ဆိပ်ကမ်းသည် တရုတ်နိုင်ငံအတွက် အဓိက စွမ်းအင်တင်သွင်းမှုချန်နယ်တစ်ခုဖြစ်သလို တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံရှိ အရေးပါသည့် အချက်အချာတစ်ခုလည်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
China-Mongolia border port resumes passenger traffic
HOHHOT, Nov. 13 (Xinhua) — The Ganqmod Port in north China’s Inner Mongolia Autonomous Region, the largest highway port on the China-Mongolia border, resumed two-way passenger traffic on Monday.
To ensure normal passenger clearance at the port, measures including service optimization and the opening of multiple inspection channels have been taken, said the port administration.
In 2022, the port completed the customs clearance of over 19 million tonnes of goods, more than twice that of 2021.
Ganqmod Port is a major energy import channel for the country and an important hub in the China-Mongolia-Russia economic corridor.
Photo: This photo taken on Nov. 30, 2022 shows various of cargo trucks passing through Ganqmod Port in the city of Bayan Nur, north China’s Inner Mongolia Autonomous Region.(Xinhua/Li Yunping)