Connect with us

Media

အစ္စရေး-ဟားမက်စ် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ဂါဇာတွင် လူ ၉,၀၀၀ ကျော် သေဆုံးခဲ့

ဂါဇာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခစတင်ချိန်မှစ၍ ဂါဇာဒေသတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးသူအရေအတွက်မှာ ၉,၀၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်၌ ပြောကြားခဲ့သည်။

သေဆုံးသူများမှာ ကလေး ၃,၇၆၀ ဦးနှင့် အမျိုးသမီဂ ၂,၃၂၆ ဦး အပါအဝင် စုစုပေါင်း ၉,၀၆၁ ဦး အထိ မြင့်တက်လာခဲ့ကာ ဒဏ်ရာရသူဦးရေ ၃၂,၀၀၀ ကျော်ရှိကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး လူ ၂၅၆ ဦး သေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ဂါဇာရှိ အစိုးရမီဒီယာရုံး၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားချိန်မှစ၍ ဗုံးအရေအတွက် ၁၀,၀၀၀ ကျော် ပစ်ချခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ပေါက်ကွဲမှုပမာဏ တန်ချိန် ၂၅,၀၀၀ ကျော်ရှိပြီး တစ်စတုရန်းမီတာလျှင် တန်ချိန် ၇၀ နီးပါးအထိ ရောက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Over 9,000 killed in Gaza since beginning of Israel-Hamas conflict: ministry
GAZA, Nov. 2 (Xinhua) — The death toll among Palestinians killed by the Israeli attacks on Gaza has now exceeded 9,000 since the beginning of the current Israel-Hamas conflict, the Gaza-based Health Ministry said on Thursday.
Ministry spokesman Ashraf al-Qedra said at a press conference that the death toll rose to 9,061, including 3,760 children and 2,326 women, while the number of injured surpassed 32,000.
He said Israeli forces carried out 15 attacks in the past 24 hours, killing 256 people and wounding hundreds.
The government media office in Gaza said Israel has dropped more than 10,000 bombs on the Gaza Strip since the beginning of its offensive, and estimated that the amount of explosives used by Israel has exceeded 25,000 tons, or reached nearly 70 tons per square kilometer.