Connect with us

Asia

နီပေါနိုင်ငံ အနောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၀ ကျော် သေဆုံး

နီပေါနိုင်ငံ အနောက်ပိုင်း Rukum West ခရိုင်တွင် အင်အား ၅.၆ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော နေအိမ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- RSS news agency/Handout via Xinhua)

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်းတွင် နိုဝင်ဘာ ၃ ရက် ညသန်းခေါင်ယံက အင်အား ၅.၆ ပြင်းအားရှိသော ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးပြီး အခြားသူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၄ ရက်၌ ပြောခဲ့သည်။

Jajarkot ခရိုင်တွင် လူ ၃၇ ဦးနှင့် Rukum West ခရိုင်တွင် ၂၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Kuber Kadayat က ဆင်ဟွာကို ပြောသည်။
“သေဆုံးသူအရေအတွက်က မြင့်တက်လာနိုင်သေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေက လုပ်နေတုန်းပဲ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အခြားဆက်စပ်ခရိုင်များတွင်လည်း ပျက်စီးမှုများရှိကြောင်း သတင်းရရှိသော်လည်း လူသေဆုံးမှုသတင်းများ မရှိကြောင်း Kadayat က ဆိုသည်။
အဆိုပါ ငလျင်မှာ နိုင်ငံ အနောက်ပိုင်း Jajarkot ခရိုင်တွင် ဒေသစံတော်ချိန် ည ၂၃:၄၇ နာရီက မြေအောက်အနက် ၁၈ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးအရ သိရသည်။

ငလျင်ကြောင့် သေဆုံးခဲ့ရသူများ၊ နေအိမ်အဆောက်အအုံ ပျက်စီးမှုများအတွက် ကြေကွဲဝမ်းနည်းကြောင်းနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် Pushpa Kamal Dahal က တွစ်တာဟု လူသိများသည့် X လူမှုမီဒီယာပေါ်၌ ရေးသားထားသည်။

နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်က ပမာဏ ၇.၈ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၉,၀၀၀ ခန့် သေဆုံးပြီး လူနေအဆောက်အအုံ ၅ သိန်းကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(Englis Version)
Earthquake kills over 60 in western Nepal
KATHMANDU, Nov. 4 (Xinhua) — More than 60 people were killed and over 100 others injured on midnight Friday when a shallow 5.6-magnitude earthquake hit western Nepal, a police spokesman said on Saturday.
Thirty-seven people have been killed in the Jajarkot district, while 27 deaths have been reported in neighboring Rukum West district, police spokesman Kuber Kadayat told Xinhua.
“The casualty could be even higher,” he added. “The rescue operation is ongoing.”
There were reports of destruction in other adjoining districts, but no loss of human lives was reported, Kadayat noted.
According to the U.S. Geological Survey, the earthquake jolted the western Jajarkot district at around 23:47 p.m. local time (1802 GMT) with a depth of 18 km.
Prime Minister Pushpa Kamal Dahal expressed sorrow at the loss of life and property in the quake and ordered immediate rescue and relief operations in a post on social media X, formerly known as Twitter.
In 2015, a 7.8-magnitude earthquake killed some 9,000 people and damaged more than half a million houses in the mountainous country.
Photo: This photo shows a house damaged after a 5.6-magnitude earthquake hits Rukum West district in western Nepal on Nov. 3, 2023. (RSS news agency/Handout via Xinhua)