Connect with us

Media

(CIIE) တရုတ်နိုင်ငံက အဆင့်မြင့် တံခါးဖွင့် စီးပွားရေးစနစ်ကို တစိုက်မတ်မတ်တိုးမြှင့်လုပ်ဆောင်သွားမည်

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က “တရုတ်နိုင်ငံ အနေဖြင့် အဆင့်မြင့် တံခါးဖွင့် စီးပွားရေးစနစ်ကို တစိုက်မတ်မတ်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” နိုဝင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။
စတုတ္ထကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရုပ်သံလင့်ခ်မှတစ်ဆင့် ရှီက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ကန့်သတ်စာရင်း ထပ်မံလျှော့ချသွားရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှု ကဏ္ဍများဖြစ်သည့် ဆက်သွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် စနစ်တကျ တံခါးဖွင့်ဝါဒကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။
တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တိုးမြင့်စေသည့် စီးပွားရေးလုပ်ငန်းများကို ပိုမို ကျယ်ပြန့်စေရန် ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ အလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုက်ရိုက် လုပ်ဆောင်နိုင်ရန် အဆင့်မြင့်ထုတ်လုပ်မှုလုပ်ငန်းများ၊ ခေတ်မီဝန်ဆောင်မှုများ၊ အဆင့်မြင့်နည်းပညာအသစ်အဆန်းများ နှင့် စွမ်းအင် ထိန်းသိမ်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ငန်းများ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို တိုးချဲ့သွားရန်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အစိမ်းရောင်နှင့် ကာဗွန်လျှော့ချရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍများအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘက်စုံ တိုးတက်မှုရှိသော ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership) နှင့် ဒစ်ဂျစ်တယ် စီးပွားရေးမိတ်ဖက် သဘောတူညီချက်သို့ တရုတ်နိုင်ငံ၏ ဝင်ရောက်မှုကို တက်ကြွစွာမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………………..
(English Version)
(CIIE) China will steadfastly advance high-level opening-up: Xi
BEIJING, Nov. 4 (Xinhua) — President Xi Jinping said Thursday China will steadfastly advance high-level opening-up.
Xi made the remarks while addressing the opening ceremony of the fourth China International Import Expo via video.
Pledging further efforts to shorten the negative list for foreign investment, Xi said that China will expand opening up of the service sectors, such as telecommunications and medical care, in an orderly manner.
China will revise and broaden the catalog of industries where foreign investment is encouraged, channeling more foreign investment into areas including advanced manufacturing, modern services, new- and high-tech, and energy conservation and environmental protection, and directing foreign investment to the central, western and northeastern regions of China, Xi said.
He also noted that China will be deeply engaged in international cooperation in areas including green and low-carbon development and digital economy, and actively promote the country’s accession to the Comprehensive and Progressive Agreement for Trans-Pacific Partnership and the Digital Economy Partnership Agreement. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.