Connect with us

Media

Huawei က စတင်မိတ်ဆက် သည့် HarmonyOS 2

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်သည့် Huawei ကုမ္ပဏီက ဇွန် ၂ ရက်တွင် ၎င်း၏ Operating system အဖြစ် HarmonyOS 2 ကို စမတ်ဖုန်းများအတွက် မိတ်ဆက်ပေးခဲ့သည်။ HarmonyOS စနစ်သည် ဖုန်းများ၏ လုပ်ဆောင်ချက်များအား မြန်ဆန်စေရုံမက Internet of Things (IoT) အတွက် စွမ်းအင်ပေးရာတွင်လည်း အထောက်အပံ့ဖြစ်စေသည့် အပြင် အနာဂတ်တွင် ဆက်သွယ်နိုင်မည့် နည်းလမ်းများစွာထွက်ပေါ်လာနိုင်မည်ဖြစ်သည်။

Huawei Consumer Business Group မှ CEO Richard Yu က ဒီနေ့တော့ကျွန်တော်တို့ဟာ အသစ်စက်စက် operating system တစ်ခုဖြစ်တဲ့ Harmony စနစ်ကို မိတ်ဆက်မှာပါ၊ ဒီစနစ်ဟာဆိုရင် ကိရိယာများစွာ နှင့် hardware များစွာကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီစနစ်ဟာ စမတ်နည်းပညာသုံးမျက်နှာပြင်များ၊စမတ်နာရီများ၊ တက်ပလက်များနှင့် မိုဘိုင်းဖုန်းများ အပြင် ကားများနှင့်ပါ ချိတ်ဆက်နိုင်ပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ဒီစနစ်ဟာ Internet of Things (IoT) ကိရိယာများနဲ့ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်နိုင်တာပါ။ ကင်မရာများ၊ အိမ်သုံးပစ္စည်းများ၊ မီးပလပ်ပေါက်များ ၊ စားပွဲတင်မီးအိမ်များအထိကျယ်ပြန့်စွာချိတ်ဆက်နိုင်ပါတယ်” ဟု ဇွန် ၂ ရက်တွင်ကျင်းပသည့် HarmonyOS 2 မိတ်ဆက်ပွဲ၌ဆိုသည်။ (Xinhua)
…………………..
Huawei launches HarmonyOS 2 for smartphones
Chinese telecom giant Huawei on Wednesday officially launched its operating system HarmonyOS 2 for smartphones, providing customers worldwide with a competitive alternative that works on a diverse range of devices.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.